Marketing in the New Normal အွန်လိုင်းသင်တန်း အခမဲ့ဖွင့်လှစ်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI Training Institute) မှ ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလများအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေကို Online Virtual Classroom နဲ့ သင်တန်းကြေးအခမဲ့ ဖြင့် ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကာလ ၃ ရက် ကြာမြင့်မှာ ဖြစ်ပြီး ဩဂုတ် ၂၉ ရက်၊ ၃၀ ရက်နဲ့ စက်တင်ဘာ ၅ ရက် တွေမှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ နံနက် ၉ နာရီမှ ၁၁ နာရီအထိဖြစ်ပြီး Zoom Application မှတစ်ဆင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပထမနေ့မှာ Changes in Marketing due to Covid-19 ကို ဆရာ ဦးမောင်မောင်ဇော် က လည်းကောင်း၊ ဒုတိယနေ့မှာ Marketing 4.0 ကို ဆရာ ဦးစောရန်နိုင် ကလည်းကောင်း၊ Marketing Management and Strategy ကို ဆရာမ ဒေါ်ဝင်းကလျာဦး က လည်းကောင်း သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရ သို့မဟုတ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ ဝင်ရောက်လုပ်ကိုင်နေသူ သို့မဟုတ် ဝင်ရောက်လုပ်ကိုင်ဖို့အတွက် လေ့လာနေသူတွေ တက်ရောက်နိုင်ပါတယ်။ အဆိုပါ သင်တန်းသို့ တက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/34kkuMy မှာ ဝင်ရောက်ပြီး သြဂုတ် ၂၇ ရက် နောက်ဆုံးထားကာ စာရင်းပေးသွင်း လျှောက်ထားနိုင်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို HRD ဌာန၊ ဖုန်း (၀၁) ၂၃၁၄၃၄၄ ~ ၄၉၊ လိုင်းခွဲ-၁၃၃၊ ၁၃၄ နဲ့ (၀၁) ၂၃၁၇၄၇၉ ကို ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်«

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««