Maps of Myanmar: Offline Maps Without Internet

အင်တာနက်မလိုဘဲ အသုံးပြုနိုင်မယ့် မြန်မာမြေပုံ App ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်၊ ပဲခူး၊ မြစ်ကြီးနား၊ မုံရွာ၊ ပုသိမ်၊ ပြည် စတဲ့ မြို့ကြီးတွေရဲ့ တည်နေရာတွေကို မြေပုံမှာ အလွယ်တကူ ရှာဖွေ ကြည့်ရှုနိုင်အောင် ဖန်တီးထားပါတယ်။ 3D မြေပုံအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး လမ်းကြောင်းအသေးစိတ်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း