Manfrotto Lumimuse 8 On-Camera LED Light with Built-In Bluetooth

Manfrotto ကနေ ထုတ်ထားတဲ့ Manfrotto Lumimuse 8 On-Camera LED Light with Built-In Bluetooth ဖြစ်ပါတယ်။

အရည်အသွေးကောင်းမွန်တဲ့ LED-၈ ခု ထည့်သွင်းတည်ဆောက်ထားတဲ့ LED Light ဖြစ်ပါတယ်။ ထူးခြားချက်က Bluetooth Built in ပါဝင်တဲ့အတွက် ကြိုးမဲ့ ထိန်းချုပ်ခြင်းကို ပြုလုပ်နိုင်မှာပါ၊ Lumimuse App ကို iOS Device အတွင်းမှာ Install ပြုလုပ်ပြီး အဝေးကနေ ထိန်းချုပ်စေခိုင်းနိုင်မှာဖြစ်ပါတယ်။ App အတွင်းမှာ Flash, Timer, Photo နဲ့ Video ဆိုပြီး Modeတွေ ထည့်သွင်းပေးထားတဲ့အတွက် ဓာတ်ပုံရိုက်ကူးရေးအတွက်သာမက ဗွီဒီယိုမှတ်တမ်းတင်ခြင်းအတွက်လည်း အသုံးပြုနိုင်မှာပါ။ အလင်းရောင် ထုတ်လွှတ်မှုပမာဏကို 0~100% အထိ အသေးစိတ် အတိုးအလျှော့ ပြုလုပ်နိုင်ပါတယ်။ USB Rechargeable Li-Po Battery ကို ထည့်သွင်းအသုံးပြုထားပါတယ်။ Micro USB Port ကနေတစ်ဆင့် charging ပြုလုပ်နိုင်ပါတယ်။ Color Temperature-5600K ရှိတဲ့အတွက် အရောင်လွှမ်းမိုးမှု နည်းပြီး သဘာဝကျတဲ့ အလင်းပေးပုံဖော် ရိုက်ကူးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ CRI (Color Rendition Index) က >92 နဲ့ Lux@1m-550 ရှိပါတယ်။ Female 1/4” Thread လည်းပါရှိတာကြောင့် Hot-Shoe ပါရှိတဲ့ ကင်မရာတွေပေါ်မှာ တပ်ဆင်နိုင်ပြီး Tripod ပေါ်မှာလည်း အလွယ်တကူ နေရာချနိုင်ပါလိမ့်မယ်။6.4mm Thread ပါရှိတဲ့အတွက် အခြား ရိုက်ကူးရေးဆက်စပ်ပစ္စည်း Accessory တွေကိုလည်း တပ်ဆင်နိုင်မှာပါ။ ဘက်ထရီကို အားအပြည့်ဖြည့်ထားရင် ၁ နာရီ ဝန်းကျင်ခန့် အသုံးပြုနိုင်ပါတယ်။ အရွယ်အစား 8.61 x 5.89 x 2.79 cm ဖြစ်ပြီး အလေးချိန် 158.8 g ရှိပါတယ်။ တန်ဖိုးက ၁၁၅,၀၀၀ ကျပ်ဖြစ်ပြီး Image Camera & Accessories Store ဖုန်း – ၀၉ ၂၅၃၆၃ ၆၆၉ ၉ ကို ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ