Mandalorian ရုပ်ရှင် ရိုက်ကူးရေးမှာအသုံးပြုတဲ့ မျက်နှာပြင် ရောင်းချမယ့် Sony

Sony ဟာ ဒီဂျစ်တယ်ရုပ်ရှင်ဆက်တင် အဖြစ် ဖန်တီးရာမှာ အသုံးပြုတဲ့ display ကို စတင်ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ Sony ရဲ့ display က The Mandalorian တီဗီစီးရီး ရိုက်ကူးရာမှာ အထောက်ပံ့ဖြစ်စေဖို့ Industrial Light & Magic နဲ့ Epic Game တည်ဆောက်ထားတဲ့ နည်းပညာနဲ့ ဆင်နိုင်ပါတယ်။

Sony ရဲ့ Crystal LED အစိတ်အပိုင်း ဖြစ်တဲ့ display မှာတော့ MicroLED သုံးထားတဲ့ panel တွေပါဝင်လာပါတယ်။ အရင်က Sony ဟာ Crystal LED display ကိုတော့ ဆိုင်းဘုတ်အဖြစ် အသုံးပြုဖို့ ရောင်းချခဲ့ဖူးပါတယ်။ မျက်နှာပြင်နည်းပညာနဲ့ အစိတ်အပိုင်းချင်းစီ အရ panel တွေကို အသုံးပြုပြီး display အကြီးစားဖန်တီးနိုင်ကာ ခလုတ်နဲ့လည်း ချိတ်ဆက်ထားနိုင်ပါတယ်။

Sony က မိတ်ဆက်ခဲ့တဲ့ display ဟာ B စီးရီးတစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးအတွက် အဓိကထား ရောင်းချပါမယ်။ Sony ရဲ့ display မှာအလင်းမပြန်တဲ့ coat လိမ်းကျံထားပြီး အလင်းအားကောင်းပါတယ်။ အဲဒီ display တွေက 1,800 nits အထိ လည်ပတ်နိုင်တယ်လို့ Sony ကပြောထားပါတယ်။ Apple ရဲ့ Pro Display XDR ဟာ 1,600 nits အထိပဲ လည်ပတ်နိုင်ပါသေးတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««