Management with Thinking သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှကြီးမှူးပြီး Managemnt with Thinking သင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက် နဲ့ ၁၆ ရက်တွေမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ စီမံခန့်ခွဲမှုဆိုင်ရာနည်းစနစ်နဲ့ သိပ္ပံနည်းကျ စီမံခန့်ခွဲမှုတွေကို ပေါင်းစပ်သင်ကြားပေးသွားမှာ ဖြစ်ပြီး Logical, Critical and Creative thinking, Scientific Management, Improve and Make evolution, Identify the challenges, Analyze, Visualization and Numeration, Strategies & Ideas, Scamper တွေကို သင်ကြားရမှာဖြစ်တယ်လို့ သိရပါတယ်။

ဦးအောင်ကျော်လင်းက သင်ကြားပေးမှာ ဖြစ်ပြီး သင်တန်းချိန်ကတော့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ဖြစ်ပါတယ်။ သင်တန်းကြေး ၄၀,၀၀၀ ကျပ် ဖြစ်ပြီး အဆောင် ၁၄၊ ဒုတိယထပ်၊ MCPA-YGN Lab, MICT Park မှာ သင်ကြားရမှာပါ။

တက်ရောက်လိုသူတွေအနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီ နောက်ဆုံးထားကာ ဖုန်း – ၆၅၂၂၇၆၊ ၀၉၅၀၆၇၁၆၈ သို့ ဆက်သွယ် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ