Malware plugin ေတြနဲ႔ သုံးစြဲသူအခ်က္အလက္ေတြကုိ ခုိးယူခဲ့တဲ့ ယူကရိန္းဟက္ကာေတြကို Facebook တရားစြဲ

[ Zawgyi ]

Facebook ရဲ႕ သုံးစြဲသူအခ်က္အလက္ေတြကုိ quiz app ေတြအသုံးျပဳၿပီး ရယူကာ News Feed ေတြအတြင္း ေၾကာ္ျငာေတြ ေဖာ္ျပဖို႔ႀကိဳးစားတဲ့ ယူကရိန္းဟက္ကာ၂ ဦးကို ကုမၸဏီက တရားစြဲဆိုလိုက္ပါတယ္။ အဲဒီအမႈကို ေသာၾကာေန႔က ႐ုံးတင္ခဲ့ၿပီး အစီအစဥ္ကို ၁ ႏွစ္ၾကာ လုပ္ကုိင္ခဲ့တဲ့ ယူကရိန္းဟက္ကာ ဂလက္ဆလူရွက္ဗ္စကီနဲ႔ အန္ဒေရေဂၚဘာေခ်ာ႔တုိ႔ကုိ တရားစြဲဆိုထားပါတယ္။

၂၀၁၇ နဲ႔ ၂၀၁၈ အတြင္း သူတို႔ဟာ ဇာတာခြင္ ဒါမွမဟုတ္ ဇာတ္ေကာင္နဲ႔ ေက်ာ္ၾကားမႈ စတဲ့ စမ္းသပ္မႈ အႏၲရာယ္ရွိ browser plugin ေတြကုိ install ျပဳလုပ္ဖုိ႔ သုံးစြဲသူေတြကုိ ဆြဲေဆာင္ခဲ့ၾကပါတယ္။ အဲဒီလုပ္ရပ္ေၾကာင့္ Facebook သုံးစြဲသူ ၆၃,၀၀၀ ထိခိုက္နစ္နာခဲ့ပါတယ္။ ဟက္ကာေတြဟာ Supertest နဲ႔ FQuiz အပါအဝင္ ဝက္ဘ္ဆိုက္ app ၄ ခုစလုံးကုိ လုပ္ကုိင္ခဲ့ပါတယ္။ တရား႐ုံးတင္ထားတဲ့ စာရြက္စာတမ္းေတြအရ တစ္ကုိယ္ေရ quiz ေတြလည္း ပါဝင္လာပါတယ္။

အဲဒီ web app ေတြဟာ Facebook ရဲ႕ login feature ကုိအသုံးခ်ထားၿပီး ကန္႔သတ္သတင္းအခ်က္အလက္ေတြကုိပဲ ရယူႏိုင္ပါတယ္။ ဒါေပမဲ့ ဟက္ကာေတြဟာ သုံးစြဲသူရဲ႕ Facebook နဲ႔ အျခားလူမႈေရးမီဒီယာ account ကို အသုံးခ်ႏိုင္ဖို႔ web browser extension ေတြကုိ install လုပ္ခိုင္းခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Facebook ရဲ့ သုံးစွဲသူအချက်အလက်တွေကို quiz app တွေအသုံးပြုပြီး ရယူကာ News Feed တွေအတွင်း ကြော်ငြာတွေ ဖော်ပြဖို့ကြိုးစားတဲ့ ယူကရိန်းဟက်ကာ၂ ဦးကို ကုမ္ပဏီက တရားစွဲဆိုလိုက်ပါတယ်။ အဲဒီအမှုကို သောကြာနေ့က ရုံးတင်ခဲ့ပြီး အစီအစဉ်ကို ၁ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ ယူကရိန်းဟက်ကာ ဂလက်ဆလူရှက်ဗ်စကီနဲ့ အန်ဒရေဂေါ်ဘာချော့တို့ကို တရားစွဲဆိုထားပါတယ်။

၂၀၁၇ နဲ့ ၂၀၁၈ အတွင်း သူတို့ဟာ ဇာတာခွင် ဒါမှမဟုတ် ဇာတ်ကောင်နဲ့ ကျော်ကြားမှု စတဲ့ စမ်းသပ်မှု အန္တရာယ်ရှိ browser plugin တွေကို install ပြုလုပ်ဖို့ သုံးစွဲသူတွေကို ဆွဲဆောင်ခဲ့ကြပါတယ်။ အဲဒီလုပ်ရပ်ကြောင့် Facebook သုံးစွဲသူ ၆၃,၀၀၀ ထိခိုက်နစ်နာခဲ့ပါတယ်။ ဟက်ကာတွေဟာ Supertest နဲ့ FQuiz အပါအဝင် ဝက်ဘ်ဆိုက် app ၄ ခုစလုံးကို လုပ်ကိုင်ခဲ့ပါတယ်။ တရားရုံးတင်ထားတဲ့ စာရွက်စာတမ်းတွေအရ တစ်ကိုယ်ရေ quiz တွေလည်း ပါဝင်လာပါတယ်။

အဲဒီ web app တွေဟာ Facebook ရဲ့ login feature ကိုအသုံးချထားပြီး ကန့်သတ်သတင်းအချက်အလက်တွေကိုပဲ ရယူနိုင်ပါတယ်။ ဒါပေမဲ့ ဟက်ကာတွေဟာ သုံးစွဲသူရဲ့ Facebook နဲ့ အခြားလူမှုရေးမီဒီယာ account ကို အသုံးချနိုင်ဖို့ web browser extension တွေကို install လုပ်ခိုင်းခဲ့ပါတယ်။

Ref: TheVerge