Malaysia Education Virtual Expo-2020 ပြပွဲကျင်းပမည်

Malaysia Education Virtual Expo-2020 ပြပွဲကို သြဂုတ် ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြပွဲကို နေ့လယ် ၂ နာရီခွဲမှ ညနေ ၆ နာရီခွဲ အထိ www.Yes2Malaysia.com မှတစ်ဆင့် တက်ရောက်ရမှာ ဖြစ်ပါတယ်။ Virtual Expo သို့ ဝင်ရောက်ပြီး ပညာရေးအတိုင်ပင်ခံတွေနဲ့ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တက္ကသိုလ်များမှ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခြင်း၊ မိမိနှစ်သက်ရာ ဘာသာရပ်တွေကို ရှာဖွေခြင်း၊ ကျောင်းစရိတ်များအကြောင်း စုံစမ်းမေးမြန်းခြင်းများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ www.Yes2Malaysia.com သို့ဝင်ရောက်ကာ ကြိုတင်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပြီး အသေးစိတ်ကို Jenko Education ဖုန်း-၀၉၂၅၃၀၆၆၂၀၂ နဲ့ jenkoeducation@gmail.com သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««