MakerCamp ပြုလုပ်မည်

[Zawgyi]

စူးစမ်းတီထွင်ဖို့ စိတ်ပါဝင်စားတဲ့ အသက် ၈ နှစ်မှ ၁၄ နှစ်အထိ ကျောင်းသား၊ကောင်းသူတွေအတွက် MakerCamp ကို မေလ ၂၁ ရက်နေ့မှ ၂၅ ရက်ထိ Phandeeyar ရဲ့ Makerspace မှာ ပြုလုပ်မှာဖြစ်ပါတယ်။



 

[Unicode]

စူးစမ်းတီထွင်ဖို့ စိတ်ပါဝင်စားတဲ့ အသက် ၈ နှစ်မှ ၁၄ နှစ်အထိ ကျောင်းသား၊ကောင်းသူတွေအတွက် MakerCamp ကို မေလ ၂၁ ရက်နေ့မှ ၂၅ ရက်ထိ Phandeeyar ရဲ့ Makerspace မှာ ပြုလုပ််မှာဖြစ်ပါတယ်။

ဒီသင်တန်းမှာ စာရွက်ချိုးခေါက်နည်း၊ အချုပ်အလုပ်၊ ကော်ဖျော် ၊ ကော်ကပ် တို့လို လွယ်လင့်တကူရရှိနိုင်တဲ့ ပစ္စည်းတွေ ကို အခြေခံပြုလုပ်ရတဲ့ နည်းလမ်းတွေနဲ့ ကလေးများရဲ့စိတ်ပါဝင်စားမှုများကို နေရာမရွေး ရှာဖွေတတ်စေရန် ရည်ရွယ်ထားတယ်လို့သိရပါတယ်။

Camp ကိုငါးရက်ဆက်တိုက် မနက် ၁၀ နာရီမှ နေ့လည် ၃ နာရီထိ ဖွင့်လှစ်မှာ ဖြစ်ပြီး ၁၀ ယောက်ပဲ လက်ခံမှာဖြစ်ပါတယ်။ သင်တန်းကြေးကိုတော့ ၃၀,၀၀၀ကျပ် သတ်မှတ်ထားပြီး သင်တန်းတက်ရောက်ပြီးသူ ကလေးလူငယ်များကို သင်တန်းပြီးဆုံးချိန်မှာ သင်တန်းပြီးဆုံးခြင်းလက်မှတ် ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ ၀၉၉၆၄၀၂၀၇၂၂ သို့မဟုတ် ၀၉၇၉၇၅၂၀၇၂၂ သို့ မှာစုံစမ်းနိုင်မှာဖြစ်ပါတယ်။