MAJA Volunteer Class ပညာဒါနသင်တန်း ဖွင့်မည်

Myanmar Association of Japan Alumni (MAJA) Volunteer class ပညာဒါနသင်တန်းကို ဇန်နဝါရီ ၂၈ ရက်မှာ စတင် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ အတန်းချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီသူတွေကို သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ပေးအပ်မှာဖြစ်ပြီး YUKATA ဝတ်စုံဝတ်ဆင်ကာ ဓာတ်ပုံရိုက်ကူးနိုင်မှာလည်း ဖြစ်ပါတယ်။ သင်တန်းချိန်က အင်္ဂါ နဲ့ ဗုဒ္ဓဟူး နေ့စဉ် နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီအထိ ဖြစ်ပါတယ်။ ဂျပန်ဘာသာစကားအခြေခံသင်တန်းကို ခြောက်လကြာ သင်ကြားရမှာဖြစ်ပြီး သင်တန်းကြေးမှာ တစ်လ ငါးထောင်ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

သင်တန်းကို ဇန်နဝါရီ ၂၈ ရက် မှစတင် ဖွင့်လှစ်မှာဖြစ်ပြီး သြဂုတ်လ ၅ ရက် မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ အသေးစိတ် သိရှိလိုသူတွေအနေနဲ့ ဖုန်း – ၀၉၂၆၂၆၀၂၁၂၁ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ