
MAJA Education Center ကနေ သင်ကြားနည်းစနစ်သစ်နဲ့ အခြေခံမှ အဆင့်မြင့် အထိ သင်တန်းများဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်ဘာသာ ပိုမိုတိုးတက်စေဖို့နဲ့ ဂျပန်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို ပိုမိုသိရှိစေဖို့ ရည်ရွယ်ပြီး ဂျပန်လူမျိုးတွေနဲ့ စကားပြောဝိုင်းတွေကို အလျဉ်းသင့်သလို စီစဉ်ပေးသွားမှာဖြစ်သလို ယခုအကြိမ် ဖွင့်လှစ်မယ့် သင်တန်းမှာတော့ Zoom Application နဲ့ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
N5 Basic japanese I သင်တန်းကို ဇန်နဝါရီ ၉ ရက်တွင်လည်းကောင်း၊ N4 Basic Japanese II သင်တန်းကို ဇန်နဝါရီလ ၁၂ ရက်တွင်လည်းကောင်း၊ N3 Grammar ကို ဇန်နဝါရီ ၉ ရက်တွင်လည်းကောင်း၊ N2 grammar ကို ဖေဖော်ဝါရီ ၆ ရက်တွင်လည်းကောင်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
Level အလိုက် သင်တန်းဖွင့်မယ့်ရက်တွေ ခွဲခြားထားတာကြောင့် သင်တန်း မဖွင့်မီ ကာလမှာ Education Center သို့ လူကိုယ်တိုင်လာရောက်အပ်နှံပြီး Textbook တွေထုတ်ယူရမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉ ၄၂၈၆၁၃၈၄၈ သို့ ရုံးချိန် နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲ အထိ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
-သန္တာ
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««