MagSafe Case နဲ့ ပိုက်ဆံအိတ်အတွက် iPhone 12 Studio စာမျက်နှာ Apple လွှင့်တင်

Apple ဟာ iPhone နဲ့ iPad ထုတ်ကုန်တွေအတွက် iPhone 12 Studio https://experience.apple/iphone စာမျက်နှာကို လွှင့်တင်ခဲ့ပါတယ်။ အဲဒီစာမျက်နှာမှာ MagSafe case နဲ့ ပိုက်ဆံအိတ် အမျိုးမျိုးနဲ့ iPhone 12 မော်ဒယ်တွေကို စိတ်ကြိုက်ဆင်လို့ရပြီး အရောင်တွေကို စပ်လို့ရပါတယ်။

စာမျက်နှာကို ဖွင့်လိုက်တာနဲ့ iPhone 12 mini, iPhone 12, iPhone 12 Pro ဒါမှမဟုတ် iPhone 12 Pro Max ကိုရွေးချယ်ရပါမယ်။ ပြီးတော့ ထုတ်ကုန်အရောင်ကို ရွေးချယ်နိုင်ပြီး MagSafe case နဲ့အရောင်အပြင် MagSafe ပိုက်ဆံအိတ် အရောင်ကိုလည်း ရွေးချယ်လို့ ရပါတယ်။ ပြီးရင် ကိုယ်တိုင် စိတ်ကြိုက်ဆင်ထားတဲ့ ပုံကို နာမည်ပေးပြီး save လုပ်နိုင်ပါတယ်။

အခုလုပ်ဆောင်ချက်က Apple Watch Studio နဲ့လည်း ဆင်ပါတယ်။

-စိုးထက်
Ref: Macrumors

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««