Magento Commerce ကို ေဒၚလာ ၁.၆၈ ဘီလ်ံနဲ႔ ဝယ္ယူမယ့္ Adobe

[ Zawgyi ]

Adobe ဟာ Magento Commerce ကို ေဒၚလာ ၁.၆၈ ဘီလ်ံနဲ႔ ဝယ္ယူသြားမယ္လို႔ ေမလ ၂၁ ရက္၊ (တနလၤာေန႔) က ေၾကညာခဲ့ပါတယ္။

အဆိုပါ ကုန္သြယ္ေရးပလက္ေဖာင္းဟာ Adobe ရဲ႕ Digital Experience လုပ္ငန္းရဲ႕ အစိတ္အပိုင္း ျဖစ္လာမွာျဖစ္ၿပီး content ဖန္တီးျခင္း၊ ေစ်းကြက္ရွာေဖြျခင္း၊ ေၾကာ္ျငာျခင္းနဲ႔ ပိုင္းျခားစိတ္ျဖာျခင္းတို႔ အပါအဝင္ customer experience tool ေတြကို ေထာက္ပံ့ေပးသြားမွာ ျဖစ္ပါတယ္။

၂၀၀၈ ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး ကယ္လီဖိုးနီးယားျပည္နယ္၊ ကမ္းဘဲလ္ၿမိဳ႕မွာ အေျခစိုက္တဲ့ Magento ဟာ ဒီဂ်စ္တယ္ ကုန္သြယ္ေရးနဲ႔ ေအာ္ဒါစီမံခန္႔ခြဲေရးအတြက္ ပလက္ေဖာင္းတစ္ခုကို ကမၻာတစ္ဝန္းမွာရိွတဲ့ B2B နဲ႔ B2C ေဖာက္သည္ေတြဆီ ေထာက္ပံ့ေပးသူျဖစ္ပါတယ္။ ကုမၸဏီရဲ႕ေဖာက္သည္ေတြထဲမွာ Canon, Helly Hansen, Paul Smith နဲ႔ Rosetta Stone တို႔ပါဝင္ပါတယ္။ Adobe နဲ႔ Magento ဟာ Coca-Cola, Warner Music Group, Nestle အပါအဝင္ joint customer ေတြကို ေဝမွ်သြားမွာျဖစ္ပါတယ္။ Magento ဟာ ႏွစ္စဥ္ စုစုေပါင္း ကုန္စည္ကူးသန္းေရာင္းဝယ္မႈ ပမာဏ ေဒၚလာ ၁၅၅ ဘီလ်ံေက်ာ္ကို ကိုင္တြယ္စီမံေနပါတယ္။

“Adobe Experience Cloud မွာ Magento ရဲ႕ ကုန္သြယ္ေရးပလက္ေဖာင္းကို ေပါင္းစပ္ထည့္သြင္းတဲ့အတြက္ေၾကာင့္ Adobe အေနနဲ႔ ကိုယ္ေရးကိုယ္တာ အေျခအေနတိုင္းနဲ႔ ေစ်းဝယ္တဲ့အေတြ႕အႀကံဳတိုင္းကို ျပဳလုပ္ေပးႏိုင္ပါလိမ့္မယ္” လို႔ Adobe ရဲ႕ Digital Experience မွ အမႈေဆာင္ဒုဥကၠ႒ ျဖစ္သူ Brad Rencher က ေျပာၾကားခဲ့ပါတယ္။

Magento ကိုဝယ္ယူမႈဟာ Adobe ရဲ႕ ၂၀၁၈ ဘ႑ာေရးႏွစ္ တတိယသံုးလပတ္မွာ အၿပီးသတ္မယ္လုိ႔ ဆိုပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Magento အမႈေဆာင္အရာရိွခ်ဳပ္ Mark Lavelle က Magento အဖြဲ႕ကို ဆက္လက္ဦးေဆာင္သြားမွာျဖစ္သလို အမႈေဆာင္ဒုဥကၠ႒နဲ႔ အေထြေထြမန္ေနဂ်ာ Brad Rencher ထံ အစီရင္ခံရမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: ZDNet

========

[ Unicode ]

Magento Commerce ကို ဒေါ်လာ ၁.၆၈ ဘီလျံနဲ့ ဝယ်ယူမယ့် Adobe

========

Adobe ဟာ Magento Commerce ကို ဒေါ်လာ ၁.၆၈ ဘီလျံနဲ့ ဝယ်ယူသွားမယ်လို့ မေလ ၂၁ ရက်၊ (တနင်္လာနေ့) က ကြေညာခဲ့ပါတယ်။

အဆိုပါ ကုန်သွယ်ရေးပလက်ဖောင်းဟာ Adobe ရဲ့ Digital Experience လုပ်ငန်းရဲ့ အစိတ်အပိုင်း ဖြစ်လာမှာဖြစ်ပြီး content ဖန်တီးခြင်း၊ စျေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းနဲ့ ပိုင်းခြားစိတ်ဖြာခြင်းတို့ အပါအဝင် customer experience tool တွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ကမ်းဘဲလ်မြို့မှာ အခြေစိုက်တဲ့ Magento ဟာ ဒီဂျစ်တယ် ကုန်သွယ်ရေးနဲ့ အော်ဒါစီမံခန့်ခွဲရေးအတွက် ပလက်ဖောင်းတစ်ခုကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ B2B နဲ့ B2C ဖောက်သည်တွေဆီ ထောက်ပံ့ပေးသူဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ဖောက်သည်တွေထဲမှာ Canon, Helly Hansen, Paul Smith နဲ့ Rosetta Stone တို့ပါဝင်ပါတယ်။ Adobe နဲ့ Magento ဟာ Coca-Cola, Warner Music Group, Nestle အပါအဝင် joint customer တွေကို ဝေမျှသွားမှာဖြစ်ပါတယ်။ Magento ဟာ နှစ်စဉ် စုစုပေါင်း ကုန်စည်ကူးသန်းရောင်းဝယ်မှု ပမာဏ ဒေါ်လာ ၁၅၅ ဘီလျံကျော်ကို ကိုင်တွယ်စီမံနေပါတယ်။

“Adobe Experience Cloud မှာ Magento ရဲ့ ကုန်သွယ်ရေးပလက်ဖောင်းကို ပေါင်းစပ်ထည့်သွင်းတဲ့အတွက်ကြောင့် Adobe အနေနဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေတိုင်းနဲ့ စျေးဝယ်တဲ့အတွေ့အကြုံတိုင်းကို ပြုလုပ်ပေးနိုင်ပါလိမ့်မယ်” လို့ Adobe ရဲ့ Digital Experience မှ အမှုဆောင်ဒုဥက္ကဋ္ဌ ဖြစ်သူ Brad Rencher က ပြောကြားခဲ့ပါတယ်။

Magento ကိုဝယ်ယူမှုဟာ Adobe ရဲ့ ၂၀၁၈ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်မှာ အပြီးသတ်မယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာတော့ Magento အမှုဆောင်အရာရှိချုပ် Mark Lavelle က Magento အဖွဲ့ကို ဆက်လက်ဦးဆောင်သွားမှာဖြစ်သလို အမှုဆောင်ဒုဥက္ကဋ္ဌနဲ့ အထွေထွေမန်နေဂျာ Brad Rencher ထံ အစီရင်ခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: ZDNet