Magbee လို႔ေခၚတဲ့ စမတ္စပီကာကို IFA 2018 မွာ မိတ္ဆက္မယ့္ Samsung

[Zawgyi]

လူအမ်ားေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ Samsung ရဲ႕ စမတ္စပီကာကို Magbee လို႔ ေခၚဆိုမွာျဖစ္ေၾကာင္း ဥေရာပနဲ႔ အေမရိကန္မွာ တင္ထားတဲ့ မူပိုင္ခြင့္စာရြက္စာတမ္းေတြအရ သိရပါတယ္။

လက္ရိွမွာ အဆိုပါ စမတ္စပီကာနဲ႔ပတ္သက္တဲ့ အခ်က္အလက္ အနည္းငယ္ကိုသာ သိရိွရေသးၿပီး Bixby ပါဝင္သလို Harman နဲ႔ပတ္သက္မႈအခ်ို႕လည္း ပါဝင္လာမယ္လို႔ ဆိုပါတယ္။

မူပိုင္ခြင့္စာရြက္စာတမ္းတစ္ခုမွာေတာ့ စပီကာမွာ ဒိုင္ခြက္တစ္ခုပါဝင္တယ္လို႔ ေဖာ္ျပထားပါတယ္။ Samsung ဟာ Magbee စပီကာနဲ႔အတူ multi room audio နဲ႔ စပီကာအမ်ားျပားနဲ႔ တစ္ၿပိဳင္နက္ ခ်ိတ္ဆက္တာေတြကို ေထာက္ပံံေပးသြားမယ္လို႔ ယူဆရပါတယ္။

Samsung ဟာ Magbee ကို ၾသဂုတ္ ၉ ရက္မွာ Galaxy Note 9 နဲ႔အတူ တရားဝင္မိတ္ဆက္သြားဖြယ္ရိွပါတယ္။ အဆိုပါ Unpacked အခမ္းအနားမွာ Galaxy Watch စမတ္နာရီသစ္အျပင္ Galaxy Tab S4 ကိုလည္း ေတြ႕ျမင္ရဖြယ္ရိွတယ္လို႔ သိရပါတယ္။

Ref: GSMArena

-ေနာင္ေနာင္

[Unicode]

လူအများမျှော်လင့်စောင့်စားနေကြတဲ့ Samsung ရဲ့ စမတ်စပီကာကို Magbee လို့ ခေါ်ဆိုမှာဖြစ်ကြောင်း ဥရောပနဲ့ အမေရိကန်မှာ တင်ထားတဲ့ မူပိုင်ခွင့်စာရွက်စာတမ်းတွေအရ သိရပါတယ်။

လက်ရှိမှာ အဆိုပါ စမတ်စပီကာနဲ့ပတ်သက်တဲ့ အချက်အလက် အနည်းငယ်ကိုသာ သိရှိရသေးပြီး Bixby ပါဝင်သလို Harman နဲ့ပတ်သက်မှုအချို့လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

မူပိုင်ခွင့်စာရွက်စာတမ်းတစ်ခုမှာတော့ စပီကာမှာ ဒိုင်ခွက်တစ်ခုပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ Samsung ဟာ Magbee စပီကာနဲ့အတူ multi room audio နဲ့ စပီကာအများပြားနဲ့ တစ်ပြိုင်နက် ချိတ်ဆက်တာတွေကို ထောက်ပံံပေးသွားမယ်လို့ ယူဆရပါတယ်။

Samsung ဟာ Magbee ကို သြဂုတ် ၉ ရက်မှာ Galaxy Note 9 နဲ့အတူ တရားဝင်မိတ်ဆက်သွားဖွယ်ရှိပါတယ်။ အဆိုပါ Unpacked အခမ်းအနားမှာ Galaxy Watch စမတ်နာရီသစ်အပြင် Galaxy Tab S4 ကိုလည်း တွေ့မြင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: GSMArena

-နောင်နောင်