macOS, Windows နဲ့ Linux အတွက် dark mode ကို Slack မိတ်ဆက်

လုပ်ငန်းခွင်သုံး chat app တစ်ခုဖြစ်တဲ့ Slack ဟာ desktop ဗားရှင်းတွေအတွက် dark mode ဗားရှင်းသစ်ကို ထည့်သွင်းမိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် desktop အတွက် dark mode ကို Slack ကထည့်သွင်းခဲ့တဲ့အတွက် Windows, macOS နဲ့ Linux သုံးစွဲသူတွေက light theme အကြား ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

Slack အနေနဲ့ desktop နဲ့ မိုဘိုင်း နှစ်ခုစလုံးမှာ သတ်မှတ်ထားနိုင်တဲ့ ကိုယ်ပိုင် “Nocturne” dark mode theme ကိုထည့်သွင်းခဲ့သလို side bar themes အမျိုးမျိုးလည်း ပါဝင်လာပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ Slack က iOS နဲ့ Android ဗားရှင်းအတွက် dark mode ကိုထည့်သွင်းပြီး လအနည်းငယ်အကြားမှာ Desktop အတွက် ထောက်ပံ့ပေးလိုက်တာ ဖြစ်ပါတယ်။

“Dark Mode ဟာ လူများစွာအတွက် အရေးပါတဲ့ feature ဖြစ်ပါတယ်။ ညဘက် ဒါမှမဟုတ် အလင်းအားနည်းတဲ့ အခါမှာ အလုပ်လုပ်ဖို့ အကူအညီပေးပြီး အမြင်ပိုင်းဆိုင်ရာ အားနည်းတာ၊ ခေါင်းကိုက်တာတွေနဲ့ အခြားအမြင်ပိုင်းဆိုင်ရာ ကစင့်ကလျားရောဂါရှိတဲ့အခါ သုံးစွဲရ အဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်” လို့ Slack ထုတ်ကုန်မန်နေဂျာ ဂျော့ဇမ်ဖီရာက ရှင်းပြခဲ့ပါတယ်။

သုံးစွဲသူက Slack desktop app ကိုပြန်ပိတ်ပြီး ဖွင့်တာ ဒါမှမဟုတ် update ပြုလုပ်လိုက်ရင် dark mode option တွေပါဝင်လာမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge