macOS Big Sur update ကြောင့် MacBook Pro အဟောင်းတွေမှာ အနက်ရောင်မျက်နှာပြင် ဖြစ်ပေါ်

MacBook Pro အဟောင်းတချို့မှာ macOS Big Sur ကို update ပြုလုပ်လိုက်တဲ့အခါ အနက်ရောင်မျက်နှာပြင် ပေါ်လာတယ်လို့ သိရပါတယ်။

အဲဒီပြဿနာကို ပြင်ဆင်လို့ မရသေးပါဘူး။ ၂၀၁၃ နှောင်းပိုင်းနဲ့ ၂၀၁၄ နှစ်လယ်ထုတ် ၁၃ လက်မ MacBook Pro မော်ဒယ်တွေမှာ ပိုမို ဖြစ်ပွားလေ့ရှိပါတယ်။ အခြား Mac ပိုင်ရှင်တွေလည်း Big Sur install လုပ်တဲ့အခါ အနက်ရောင်မျက်နှာပြင် ပြဿနာကို ကြုံတွေ့နေရပါတယ်။ MacBook Pro မော်ဒယ် ၂ မျိုးမှာ ပြဿနာဖြစ်ပွားမှု အဆိုးဆုံး ဖြစ်ပါတယ်။

MacRumors က ပြဿနာကို စတင်တွေ့ရှိခဲ့ပြီး ဖိုရမ်၊ Reddit နဲ့ Apple ရဲ့ support site အတွင်းမှာ ပြဿနာနဲ့ ပတ်သက်ပြီး လူတွေက စောဒကတက်ခဲ့ကြပါတယ်။ ဘာကြောင့် အနက်ရောင်မျက်နှာပြင် ဖြစ်ပေါ်လဲ ဆိုတာ မသိသေးပါဘူး။ အဲဒီပြဿနာကို ပြင်ဆင်မယ်ဆိုရင်တော့ NVRAM ကို reset လုပ်တာ ဒါမှမဟုတ် safe mode ကို boot လုပ်နိုင်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««