macOS အတြက္ Edge browser ကို Microsoft အျမည္းမိတ္ဆက္

[ Zawgyi ]

Microsoft ဟာ ၿပီးခဲ့တဲ့လက Windows ေပၚမွာ အေစာပိုင္း Canary နဲ႔ Dev build ေတြအျဖစ္ Edge Chromium browser ကုိျဖန္႔ခ်ိခဲ့ပါတယ္။ Windows 10 အသုံးျပဳသူေတြဟာ အဲဒီ browser ကို အသုံးျပဳႏိုင္ေပမယ့္ Mac သုံးစြဲသူေတြက ေစာင့္ဆုိင္းေနရပါတယ္။ အခုဆိုရင္ Microsoft က Build 2019 developer ကြန္ဖရင့္မွာ Windows ေပၚက Edge အတြက္ feature သစ္ေတြနဲ႔ macS ေပၚမွာ Edge ထြက္ရွိမယ့္ရက္ကုိ ေၾကညာလိုက္ပါတယ္။ မၾကာခင္မွာ macOS သုံးစြဲသူေတြအေနနဲ႔ Windows မွာလို Edge ရဲ႕ Canary နဲ႔ Dev build ေတြကုိ အသုံးျပဳႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Microsoft ရဲ႕ Edge ေပၚက Chromium ဟာ စြမ္းေဆာင္ရည္ အလြန္တိုးတက္ေကာင္းမြန္ၿပီး Windows ေပၚမွာ စိတ္ခ်စြာ အသုံးျပဳႏိုင္ပါတယ္။ Mac သုံးစြဲသူေတြအေနနဲ႔ Microsoft ဝန္ေဆာင္မႈေတြနဲ႔ sync integration တခ်ိဳ႕နဲ႔ Chromium ကုိအသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Microsoft ဟာ ပြီးခဲ့တဲ့လက Windows ပေါ်မှာ အစောပိုင်း Canary နဲ့ Dev build တွေအဖြစ် Edge Chromium browser ကိုဖြန့်ချိခဲ့ပါတယ်။ Windows 10 အသုံးပြုသူတွေဟာ အဲဒီ browser ကို အသုံးပြုနိုင်ပေမယ့် Mac သုံးစွဲသူတွေက စောင့်ဆိုင်းနေရပါတယ်။ အခုဆိုရင် Microsoft က Build 2019 developer ကွန်ဖရင့်မှာ Windows ပေါ်က Edge အတွက် feature သစ်တွေနဲ့ macS ပေါ်မှာ Edge ထွက်ရှိမယ့်ရက်ကို ကြေညာလိုက်ပါတယ်။ မကြာခင်မှာ macOS သုံးစွဲသူတွေအနေနဲ့ Windows မှာလို Edge ရဲ့ Canary နဲ့ Dev build တွေကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Microsoft ရဲ့ Edge ပေါ်က Chromium ဟာ စွမ်းဆောင်ရည် အလွန်တိုးတက်ကောင်းမွန်ပြီး Windows ပေါ်မှာ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ Mac သုံးစွဲသူတွေအနေနဲ့ Microsoft ဝန်ဆောင်မှုတွေနဲ့ sync integration တချို့နဲ့ Chromium ကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref: TheVerge