MacBook Pro အသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ Apple

Apple ဟာ မျက်နှာပြင်အရွယ်အစား ပိုမိုကြီးမားပြီး အသစ်ပြင်ဆင်ထားတဲ့ keyboard ပါဝင်တဲ့ MacBook Pro ကို အခုတစ်ပတ်အတွင်း မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Apple ဟာ ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ MacBook Pro အသစ်ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က မိတ်ဆက်ခဲ့ပါတယ်။ Apple ဟာ ၁၅ လက်မ မျက်နှာပြင်ကနေ အရည်အသွေးမြင့်မားတဲ့ ၁၆ လက်မ မျက်နှာပြင်ကို ထည့်သွင်းမယ်လို့ အစီအစဉ်ကို သိရှိသူတွေက ပြောခဲ့ပါတယ်။ Apple MacBook Pro အသစ်ရဲ့ display ဟာ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို တည်းဖြတ်သူနဲ့ ဂိမ်မာနဲ့ software developer တွေကို နှစ်သက်သူတွေအတွက် ဖြစ်တယ်လို့ သိရပါတယ်။

Apple MacBook Pro အသစ်မှာ ပါဝင်လာမယ့် keyboard ဟာ ပိုမိုကောင်းမွန်လာပါမယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက MacBook laptop တွေမှာ အသုံးပြုထားတဲ့ sticky keys နဲ့ အခြားပြဿနာတွေကြောင့် Apple ဟာ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ Apple ဟာ keyboard ပြင်ဆင်မှု အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပါတယ်။ MacBook Pro အသစ်ရဲ့ စပီကာက ပိုမိုကျယ်လောင်ပြီး ၁၃ လက်မ မော်ဒယ်ကိုတော့ ဆက်လက်ရောင်းချမယ်လို့ သိရပါတယ်။

၁၆ လက်မအရွယ် MacBook Pro ကတော့ လက်ရှိ ၁၅ လက်မ မော်ဒယ် ဒေါ်လာ ၂,၃၉၉ တန် ထုတ်ကုန် နေရာကို အစားထိုးဝင်ရောက်လာမှာ ဖြစ်ပါတယ်။ Laptop အသစ်ဈေးနှုန်းကလည်း မော်ဒယ်အဟောင်း ဈေးနှုန်းအတိုင်းဖြစ်ကာ အခုအပတ်အတွင်း ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Apple ဟာ ဒီဇင်ဘာလအတွင်း Mac Pro desktop အသစ်ကို ထုတ်လုပ်ဖွယ်ရှိတယ်လို့ အစီအစဉ်သိရှိသူက ပြောခဲ့ပါတယ်။

စိုးထက်
Ref: Bloomberg