MacBook Pro ဒီဇိုင္းကို အသုံးျပဳထားတဲ့ laptop ၂ မ်ိဳးကုိ Samsung မိတ္ဆက္

[ Zawgyi ]

Samsung ဟာ Apple ကျပဳလုပ္မယ့္ WWDC 2019 ပြဲမတိုင္ခင္မွာ MacBook Pro ဒီဇိုင္းနဲ႔တူတဲ့ Notebook 7 ထုတ္ကုန္၂ မ်ိဳးကို မိတ္ဆက္ခဲ့ပါတယ္။ Samsung ရဲ႕ ၁၃ လက္မနဲ႔ ၁၅ လက္မ Notebook 7 ဟာ Windows 10 laptop ေတြျဖစ္ပါတယ္။

Samsung ရဲ႕ ၁၃ လက္မနဲ႔ ၁၅ လက္မ Notebook 7 မွာ စိန္နဲ႔ျဖတ္ထားတဲ့ အနားစြန္းေတြ၊ က်ယ္ျပန္႔တဲ့ trackpad နဲ႔ ေဘးေဘာင္လည္း ေသးသယ္ပါတယ္။ Samsung Notebook 7 မွာအသုံးျပဳထားတဲ့ keyboard နဲ႔ wallpaper ဟာ Apple ရဲ႕ MacBook နဲ႔အလြန္တူညီပါတယ္။

၁၃ လက္မ ေမာ္ဒယ္က Apple ရဲ႕ MacBook Pro နဲ႔အလြန္တူညီၿပီး keyboard အထားအသုိနဲ႔ trackpad ဒီဇိုင္းက သိသာပါတယ္။ ၁၅ လက္မ laptop မွာေတာ့ keyboard ေပၚမွာ numpad အျပည့္အစုံ ပါဝင္လာပါတယ္။

Notebook 7 ဟာ Apple ရဲ႕ MacBook Pro နဲ႔မတူတာကေတာ့ USB 3.0 port ေတြ၊ USB-C port တစ္ခုနဲ႔ HDMI နဲ႔ microSD ေပါက္တို႔ ပါဝင္လာပါတယ္။ ဒါေၾကာင့္ သုံးစြဲသူက external monitor ဒါမွမဟုတ္ တြဲဖက္ပစၥည္းမ်ားစြာကုိ တြဲခ်ိတ္ခ်င္ရင္ dongle ေတြမလိုေပမယ့္ Ethernet ေတာ့မခ်ိတ္ဆက္ႏို္င္ပါဘူး။

Samsung ရဲ႕ Notebook 7 ကို ေဒၚလာ ၉၉၉.၉၉ ကေန ေရာင္းခ်မွာ ျဖစ္ၿပီး Amazon နဲ႔ကုမၸဏီ ကုိယ္ပုိင္စတိုးတို႔မွာ ဇူလိုင္လ ၂၆ ရက္မွာ စတင္ေရာင္းခ်သြားပါမယ္။ Notebook 7 ထုတ္ကုန္တစ္ခုခ်င္းစီတိုင္း မွာ အ႒မေျမာက္မ်ိဳးဆက္ Intel Core ပ႐ိုဆက္ဆာေတြနဲ႔ RAM 8GB အျပင္ 1080 scren ေတြနဲ႔ fingerprint sensor ေတြပါဝင္လာပါတယ္။ ၁၅ လက္မ laptop မွာေတာ့ Nvidia ရဲ႕ GeForce MX250 ပါဝင္ၿပီး ထပ္ေဆာင္း SSD ကုိထည္သြင္းႏိုင္ပါတယ္။

Samsung ဟာ ၁၅ လက္မ Notebook 7 Force ကိုလည္း ထုတ္လုပ္ထားပါေသးတယ္။ အဲဒီ laptop ကုိ ေဒၚလာ ၁,၄၉၉ နဲ႔ေရာင္းခ်မွာ ျဖစ္ၿပီး Nvidia ရဲ႕ GeForce GTX 1650 ပါဝင္သလို default အျဖစ္ RAM 16GB, Ethernet port နဲ႔ storage တိုးခ်ဲ႕ဖို႔ slot ၂ ခုပါဝင္လာပါတယ္။

Notebook 7 Force ဟာ ဗီဒီယိုတည္းျဖတ္တာနဲ႔ gaming ေတြကုိ စြမ္းေဆာင္လုပ္ကုိင္ႏိုင္တဲ့ ထုတ္ကုန္တစ္မ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ ေဈးႏႈန္းက ေဒၚလာ ၁,၀၀၀ ေက်ာ္နဲ႔ ေရာင္းခ်တာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Samsung ဟာ Apple ကပြုလုပ်မယ့် WWDC 2019 ပွဲမတိုင်ခင်မှာ MacBook Pro ဒီဇိုင်းနဲ့တူတဲ့ Notebook 7 ထုတ်ကုန်၂ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Samsung ရဲ့ ၁၃ လက်မနဲ့ ၁၅ လက်မ Notebook 7 ဟာ Windows 10 laptop တွေဖြစ်ပါတယ်။

Samsung ရဲ့ ၁၃ လက်မနဲ့ ၁၅ လက်မ Notebook 7 မှာ စိန်နဲ့ဖြတ်ထားတဲ့ အနားစွန်းတွေ၊ ကျယ်ပြန့်တဲ့ trackpad နဲ့ ဘေးဘောင်လည်း သေးသယ်ပါတယ်။ Samsung Notebook 7 မှာအသုံးပြုထားတဲ့ keyboard နဲ့ wallpaper ဟာ Apple ရဲ့ MacBook နဲ့အလွန်တူညီပါတယ်။

၁၃ လက်မ မော်ဒယ်က Apple ရဲ့ MacBook Pro နဲ့အလွန်တူညီပြီး keyboard အထားအသိုနဲ့ trackpad ဒီဇိုင်းက သိသာပါတယ်။ ၁၅ လက်မ laptop မှာတော့ keyboard ပေါ်မှာ numpad အပြည့်အစုံ ပါဝင်လာပါတယ်။

Notebook 7 ဟာ Apple ရဲ့ MacBook Pro နဲ့မတူတာကတော့ USB 3.0 port တွေ၊ USB-C port တစ်ခုနဲ့ HDMI နဲ့ microSD ပေါက်တို့ ပါဝင်လာပါတယ်။ ဒါကြောင့် သုံးစွဲသူက external monitor ဒါမှမဟုတ် တွဲဖက်ပစ္စည်းများစွာကို တွဲချိတ်ချင်ရင် dongle တွေမလိုပေမယ့် Ethernet တော့မချိတ်ဆက်နို်င်ပါဘူး။
Samsung ရဲ့ Notebook 7 ကို ဒေါ်လာ ၉၉၉.၉၉ ကနေ ရောင်းချမှာ ဖြစ်ပြီး Amazon နဲ့ကုမ္ပဏီ ကိုယ်ပိုင်စတိုးတို့မှာ ဇူလိုင်လ ၂၆ ရက်မှာ စတင်ရောင်းချသွားပါမယ်။ Notebook 7 ထုတ်ကုန်တစ်ခုချင်းစီတိုင်း မှာ အဋ္ဌမမြောက်မျိုးဆက် Intel Core ပရိုဆက်ဆာတွေနဲ့ RAM 8GB အပြင် 1080 scren တွေနဲ့ fingerprint sensor တွေပါဝင်လာပါတယ်။ ၁၅ လက်မ laptop မှာတော့ Nvidia ရဲ့ GeForce MX250 ပါဝင်ပြီး ထပ်ဆောင်း SSD ကိုထည်သွင်းနိုင်ပါတယ်။

Samsung ဟာ ၁၅ လက်မ Notebook 7 Force ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။ အဲဒီ laptop ကို ဒေါ်လာ ၁,၄၉၉ နဲ့ရောင်းချမှာ ဖြစ်ပြီး Nvidia ရဲ့ GeForce GTX 1650 ပါဝင်သလို default အဖြစ် RAM 16GB, Ethernet port နဲ့ storage တိုးချဲ့ဖို့ slot ၂ ခုပါဝင်လာပါတယ်။

Notebook 7 Force ဟာ ဗီဒီယိုတည်းဖြတ်တာနဲ့ gaming တွေကို စွမ်းဆောင်လုပ်ကိုင်နိုင်တဲ့ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဈေးနှုန်းက ဒေါ်လာ ၁,၀၀၀ ကျော်နဲ့ ရောင်းချတာ ဖြစ်ပါတယ်။

Ref: TheVerge