MacBook Air 2020

ဈေးနှုန်း – ကန်ဒေါ်လာ ၁၂၉၉

အားသာချက်

ပါးလွှာတဲ့ဒီဇိုင်း၊ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်၊ မြင့်မားကောင်းမွန်တဲ့ အသံစနစ်၊ အသုံးပြုရတာ သက်သောင့်သက်သာရှိလှတဲ့ ကီးဘုတ်တွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ ဈေးကလည်း စတင်အသုံးပြုမယ့်သူတွေအတွက် သင့်တင့်မှုရှိတာ သဘောကျစရာပါ။

အားနည်းချက်

Display မှာတော့ TrueTone စနစ် အသုံးပြုတဲ့အခါမှာတော့ အနည်းငယ်မှိန်သွားတယ်လို့ ခံစားရတာ၊ စွမ်းဆောင်ရည်ပိုင်းက မြန်ဆန်ကောင်းမွန်မှုရှိပေမယ့် Geekbench 5.0 ရဲ့ ရမှတ်ကတော့ ပရီမီယံ Laptop တစ်လုံးမှာရှိသင့်တဲ့ ရမှတ်အောက်မှာရှိတာနဲ့ USB Type-C ပေါက်တစ်မျိုးတည်းသာ ထောက်ပံ့ပါဝင်တာက ဒီ Laptop ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

သုံးသပ်ချက်

MacBook Air 2020 က Apple သုံးစွဲသူတွေအကြိုက်ဖြစ်မယ့် Laptop တစ်လုံးလို့ဆိုရမှာပါ။ အဆင်ပြေကောင်းမွန်လှတဲ့ ကီးဘုတ်၊ Touch ID နဲ့ လှပပြီး ပါးလွှာတဲ့ ဒီဇိုင်းတွေကို အထူးဆွဲဆောင်နိုင်လှပါတယ်။ Core i3 မော်ဒယ်က ကန်ဒေါ်လာ ၉၉၉ သာကျသင့်တာက သင့်တင့်မှုရှိတဲ့ ဈေးလို့ဆိုရမှာဖြစ်ပါတယ်။ ဘက်ထရီနဲ့ကလည်း ၉ နာရီကျော်ကြာ အသုံးပြုနိုင်တာနဲ့ မြန်ဆန်တဲ့ 10th Gen Intel CPU တွေ ထည့်သွင်းအသုံးပြုထားတာ သဘောကျစရာပါ။ Display က တောက်ပစိုပြည်မှုရှိပေမယ့် True Tone အသုံးပြုတဲ့အခါမှာ အနည်းငယ် မှိန်တာ၊ ပရီမီယံ Laptop စံရမှတ်အောက်ရှိတဲ့ overall ရမှတ်ရှိတာနဲ့ port တွေစုံလင်စွာ မပါတာကလွဲရင် မိမိအနေနဲ့ ဆွဲဆောင်မှုရှိပြီး ဈေးနှုန်းသင့်တင့်တဲ့ Ultraportable Laptop ကို ကိုင်ချင်တယ်ဆိုရင်တော့ MacBook Air 2020 က ရွေးချယ်စရာတစ်ခုလို့ ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 2560x1600p ထောက်ပံ့နိုင်ပါတယ်။ ဒီ laptop မှာ 10th Gen Intel Core i5-1030G7 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel Iris Plus Graphic ထောက်ပံ့ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB SSD တွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသံထွက်ပိုင်းက ထူးခြားကောင်းမွန်ပြီး ကျယ်လောင်မှုလည်းရှိတာ ကျေနပ်စရာပါ။ 720p HD Webcam ကို တပ်ဆင်ထားတာဖြစ်ပြီး ၄.၈x၃.၂ လက်မအရွယ်အစား Touchpad ရဲ့ sensitivity က လည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ Wi-Fi 802.11ac ၊ Bluetooth 4.2 ၊ Thunderbolt 3 နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပြီး Touch ID လက်ဗွေလုံခြုံရေးစနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီ ၃၁ မိနစ်ခန့်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂၉ ကီလိုဂရမ် (၂.၈ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.Laptopmag.com