MacBook ကင်မရာကို အုပ်ထားမှုအပေါ် Apple သတိပေး

ဒီလအစောပိုင်းမှာ Apple က MacBook ပိုင်ဆိုင်သူတွေက laptop ကင်မရာကို ကာဗာနဲ့ ပိတ်ထားတဲ့အပေါ် သတိပေးလိုက်တဲ့ စာရွက်စာတမ်းကို ဖြန့်ချိခဲ့ပါတယ်။

Apple က support စာရွက်စာတမ်းမှာ latop ကင်မရာကို ကာဗာနဲ့ ပိတ်ထားမှုက display ကိုပျက်စီးစေတယ်လို့ ပြောထားပါတယ်။ အခုလို new normal ကာလမှာ ဗီဒီယို call တွေက အလွန်အရေးပါပါတယ်။ သုံးစွဲသူက တစ်ကိုယ်ရေ လုံခြုံရေးကို ဂရုစိုက်တာကလည်း သဘာဝကျပါတယ်။ ဒါပေမဲ့ Apple ကတော့ ကင်မရာ ကာဗာနဲ့ အုပ်မယ့်အစား ကင်မရာအလင်းဖော်ပြမှုကို ယုံကြစေလိုပါတယ်။

စာရွက်စာတမ်းမှာ Apple က MacBook, MacBook Air ဒါမှမဟုတ် MacBook Pro ကင်မရာတွေကို ကာဗာနဲ့ မအုပ်ဖို့ သတိပေးထားပါတယ်။ Laptop display နဲ့ keyboard အကြား ခံနိုင်ရည်က ကင်မရာကာဗာအတွက် မသင့်တော်ပါဘူး။ ကာဗာတွေက ambient light sensor နဲ့ အလိုအလျောက် brightness နဲ့ Trun Tone လိုမျိုး feature တွေကို အနှောင့်အယှက်ပေးပါတယ်။

ကင်မရာက မီးစိမ်းမပွင့်ဘဲ သုံးလို့ မရဘူးလို့ Apple ကပြောထားပါတယ်။ ဒါကြောင့် သုံးစွဲသူတွေက ကင်မရာကို ကာဗာနဲ့မပိတ်ဘဲ မီးပွင့်၊ မပွင့်ကိုပဲ စောင့်ကြည့်ဖို့ လိုပါတယ်။

စိုးထက်
Ref: Creativebloq