Mac ေပၚက သုံးစြဲသူရဲ႕ password ေတြအားလုံးကုိ ရယူႏိုင္တဲ့ KeyStal အားနည္းခ်က္

[ Zawgyi ]

သုံးစြဲသူ Mac ေပၚက password ေတြကုိ ခုိးယူႏိုင္တဲ့ အႏၲရာယ္ရွိ app တစ္ခုကို ဆယ္ေက်ာ္သက္ လုံၿခဳံေရးသုေတသီတစ္ဦးက ေဖာ္ထုတ္ခဲ့ပါတယ္။

အဲဒီအားနည္းခ်က္ကုိ KeySteal လို႔ေခၚၿပီး ဆယ္ေက်ာ္သက္တစ္ဦးျဖစ္တဲ့ လိုင္နက္ဟန္႔ဇ္က YouTube မွာ လက္ေတြ႕စမ္းသပ္ခဲ့ၿပီး ဘယ္လိုတုိက္ခိုက္ႏိုင္လဲဆိုတာ သတိေပးခဲ့ပါတယ္။ အဲဒီအားနည္းခ်က္က Mac ရဲ႕ password ေတြကိုသိမ္းဆည္းတဲ့ အတြင္းပုိင္းသိမ္းဆည္း keychain ေတြရဲ႕code ကအားနည္းခ်က္ကို အသာစီးရယူလိုက္တာျဖစ္ပါတယ္။ အႏၲရာယ္ရွိ application က app ေတြမွာ လုပ္သလိုမ်ိဳး Facebook နဲ႔ Twitter လုိမ်ိဳး ကြန္ပ်ဴတာေတြနဲ႔သက္ဆုိင္တဲ့ interface ရွိတဲ့ app ေတြအတြက္ password စာရင္းေတြကုိ ထုတ္ေပးပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ရွိ ဟန္႔ဇ္ဟာ ဂ်ာမနီမွာေနထုိင္ပါတယ္။ Apple လုံၿခဳံေရးသုေတသီ ပတ္ထရစ္ဝါဒယ္အေနနဲ႔ အားနည္းခ်က္ကုိ ျမင္ေတြ႕ၿပီးၿပီျဖစ္ကာ ေဖာ္ျပထားတဲ့အတိုင္း ျဖစ္ႏိုင္တယ္လို႔ အတည္ျပဳသြားခဲ့ပါတယ္။ ဒါေပမဲ့ ပထမဆုံး ဟက္ကာအေနနဲ႔ Mac ေပၚမွာ အႏၲရာယ္ software ကုိ ထည့္သြင္းေအာင္ လုပ္ေဆာင္ရမယ္လို႔ ဝါဒယ္က ေျပာခဲ့ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

သုံးစွဲသူ Mac ပေါ်က password တွေကို ခိုးယူနိုင်တဲ့ အန္တရာယ်ရှိ app တစ်ခုကို ဆယ်ကျော်သက် လုံခြုံရေးသုတေသီတစ်ဦးက ဖော်ထုတ်ခဲ့ပါတယ်။

အဲဒီအားနည်းချက်ကို KeySteal လို့ခေါ်ပြီး ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ လိုင်နက်ဟန့်ဇ်က YouTube မှာ လက်တွေ့စမ်းသပ်ခဲ့ပြီး ဘယ်လိုတိုက်ခိုက်နိုင်လဲဆိုတာ သတိပေးခဲ့ပါတယ်။ အဲဒီအားနည်းချက်က Mac ရဲ့ password တွေကိုသိမ်းဆည်းတဲ့ အတွင်းပိုင်းသိမ်းဆည်း keychain တွေရဲ့code ကအားနည်းချက်ကို အသာစီးရယူလိုက်တာဖြစ်ပါတယ်။ အန္တရာယ်ရှိ application က app တွေမှာ လုပ်သလိုမျိုး Facebook နဲ့ Twitter လိုမျိုး ကွန်ပျူတာတွေနဲ့သက်ဆိုင်တဲ့ interface ရှိတဲ့ app တွေအတွက် password စာရင်းတွေကို ထုတ်ပေးပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ ဟန့်ဇ်ဟာ ဂျာမနီမှာနေထိုင်ပါတယ်။ Apple လုံခြုံရေးသုတေသီ ပတ်ထရစ်ဝါဒယ်အနေနဲ့ အားနည်းချက်ကို မြင်တွေ့ပြီးပြီဖြစ်ကာ ဖော်ပြထားတဲ့အတိုင်းဖြစ်နိုင်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ဒါပေမဲ့ ပထမဆုံး ဟက်ကာအနေနဲ့ Mac ပေါ်မှာ အန္တရာယ် software ကို ထည့်သွင်းအောင် လုပ်ဆောင်ရမယ်လို့ ဝါဒယ်က ပြောခဲ့ပါတယ်။

Ref: CNET