Mac လိုအသုံးပြုနိုင်မယ့် iPadOS 14 လုပ်ဆောင်ချက်များ

iPad ဟာ ကွန်ပျူတာလို့ပြောမယ်ဆိုရင် ငြင်းစရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သမားရိုးကျပုံစံ ကွန်ပျူတာတော့ မဟုတ်ပါဘူး။ iPad မှာ Apple Pencil နဲ့ ပုံကြမ်းတွေ ရေးခြစ်တာအပြင် laptop ပုံစံမျိုး keyboard နဲ့ trackpad လည်း ထည့်သွင်းလို့ရပါတယ်။

Apple ရဲ့ iPadOS 14 ကတော့ လုပ်ဆောင်ချက်တွေများစွာ ထည့်သွင်းထားပြီး ပိုမိုမြန်ဆန်တဲ့ Siri နဲ့ ဒီဇိုင်းသစ် widget တွေလည်းပါဝင်လာပါတယ်။ တချို့ feature သစ်တွေကြောင့် iPad ဟာ Mac နဲ့တော်တော်ဆင်လာပါပြီ။

Search tool အသစ်

Mac မှာလိုမျိုး တစ်ခုခုကို အလျင်အမြန် ရှာဖွေမှုတွေကို iPad ပေါ်က Search tool အသစ်နဲ့ ပြုလုပ်လို့ရပါတယ်။ (Mac အတွက် Command နဲ့ spacebar ကိုတစ်ပြိုင်နက်တည်း နှိပ်ပြီး ရှာဖွေမှု လုပ်နိုင်ပါတယ်)



iPad ပေါ်မှာလည်း iOS 14 မတိုင်ခင်ကတည်းက Search ပါဝင်လာပါတယ်။ အဲဒီတုန်းက မျက်နှာတစ်ခုလုံး နေရာယူထားပြီး ရလဒ်တွေက အကန့်အသတ်ပဲရှိပါတယ်။ အခု Search ကတော့ bar အသေးနဲ့ ပြပေးပါတယ်။

Search bar အသစ်က Mac ပေါ်က Spotlight Search နဲ့ဆင်ပါတယ်။ iPad ပေါ်မှာတော့ home screen က display ကို swipe down လုပ်တာ ဒါမှမဟုတ် keyboard ပေါ်က CMD+spacebar ကိုနှိပ်ပြီး Search ကို ခေါ်နိုင်တယ်။

Search မှာတော့ Files app ထဲက ဖိုင်တွေ၊ အီးမေးလ်နဲ့ message၊ App Store ထဲက app တွေ၊ သီချင်းနဲ့ podcast တွေလည်းရှာဖွေနိုင်ပါတယ်။



ဒါ့အပြင် “ဧဝရက်တောင်အမြင့်ဘယ်လောက်လဲ” ဆိုတဲ့ ဗဟုသုတဆိုင်ရာ မေးခွန်းတွေလည်း မေးနိုင်ပါတယ်။ အဖြေတွေကို Search bar မှာပဲ ပြပေးပါမယ်။

iPadOS 14 ဒီဇိုင်းသစ်

iPadOS 14 အတွက် အဆင့်မြှင့်တင်ထားတဲ့ app တွေကလည်း ဒီဇိုင်းသစ်အသုံးပြုထားပါတယ်။ Apple က developer တွေအတွက် iPad app ဖွဲ့စည်းမှုအသစ်ကို ထည့်သွင်းခဲ့ပါတယ်။



iPadOS 14 မှာပါတဲ့ Music app မှာ app ဘယ်ဘက်မှာ sidebar အသစ် တစ်ခု ပါဝင်လာပါတယ်။ Mac ပေါ်က Music app ကလည်း အလားတူဒီဇိုင်းကို အသုံးပြုထားပြီး MacOS Big Sur မှာလည်း ပြန်လည် မွမ်းမံထားပါတယ်။

iPad app တွေမှာ Toolbar icon အသစ်ကို မြင်ရပြီး interface ရှုထောင့်အမျိုးမျိုးကို ဖော်ပြပေးတာကို စတင်မြင်ရပါမယ်။ ဥပမာအနေနဲ့ Toolbar ခလုတ်က screen ပေါ်က sidebar ကိုကြည့်နိုင်ပြီး click နှိပ်လိုက်ရင် slide ကပြန်ဝင်သွားပါမယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««