Mac နဲ့ iOS app ဝယ်ယူမှုကို ပေါင်းစပ်ပေးမယ့် စွမ်းဆောင်ရည်ကို Apple ထည့်သွင်း

Apple ဟာ iOS 13.4 beta ဗားရှင်းမှာ Mac နဲ့ iOS ကဝယ်ယူမှုတွေကို ပေါင်းစည်းပေးမယ့် feature ကို developer တွေအတွက် ဖြန့်ချိလိုက်ပါတယ်။

ဒါကြောင့် developer က Mac App Store အတွင်း Mac ဗားရှင်း app နဲ့ App Store အတွင်းက iPad app ကို စာရင်းသွင်းလာနိုင်ပါတယ်။ သုံးစွဲသူက ဗားရှင်း ၂ မျိုးကို ဝယ်ယူတဲ့အခါ platform အားလုံးအတွက် အလိုအလျောက် ပွင့်လာမှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ developer တွေက သီးခြားဝယ်ယူမှုကိုပဲ ခွင့်ပြုနိုင်ပါတယ်။ အခု feature သစ်ကတော့ iPhone, iPad, Apple Watch နဲ့ tvOS platform တွေအတွက် ထောက်ပံ့ပေးတဲ့ universal iOS app တွေနဲ့ဆင်ပါတယ်။ App တစ်ခုကို တစ်ခါဝယ်ယူတာနဲ့ platform တွေ အားလုံးမှာ အသုံးပြုနိုင်ပါမယ်။ Developer တွေအနေနဲ့လည်း app တွေကို platform အမျိုးမျိုးအတွက် သီးခြားရောင်းချနိုင်ပါသေးတယ်။

Apple အနေနဲ့ Catalyst app တွေကို ပိုမိုဖန်တီးလာအောင် developer တွေကို အားပေးတဲ့ feature သစ် ဖြစ်ပါတယ်။ Apple iOS 13.4 beta ဗားရှင်းမှာ Xcode 11.4 ပါဝင်လာတာကြောင့် universal ဝယ်ယူမှုတွေ ပြုလုပ်နိုင်ပါတယ်။ Developer တွေက universal ဝယ်ယူမှုကို ထောက်ပံ့ဖို့ ရှိပြီးသား Mac app တွေကို ထည့်သွင်းသွားပါမယ်။ Apple ဟာ platform အမျိုးမျိုးမှာ အသုံးပြုနိုင်တဲ့ Catalyst app တွေကို ဒီနှစ်အစောပိုင်းမှာ macOS 10.15 Catalina အတွက် ဖြန့်ချိခဲ့ပါတယ်။ Mac developer တွေက Catalyst app တွေကိုအသုံးပြုပြီး iOS app တွေကို အလွယ်တကူ တင်ပို့နိုင်အောင် ပြုလုပ်ပေးခဲ့တာပါ။

စိုးထက်
Ref ; TheVerge