Mac စွမ်းဆောင်ရည်မြှင့်တင်ပေးမယ့် ‘Pro Mode’ ကို Apple ဖြန့်ချိနိုင်

Apple ဟာ Mac မှာ ပန်ကာမြန်နှုန်းကို ကန့်သတ်ပြီး စွမ်းအင်ချွေတာပေးနိုင်မယ့် ‘Pro Mod’ ကိုထည့်သွင်းဖို့ စဉ်းစားနေပါတယ်။

9to5Mac က macOS Catalina 10.15.3 beta ဗားရှင်းမှာ Pro Mode ပါဝင်မယ့် ကုတ်ကို စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီကုတ်အရ Apple ဟာ ထုတ်ကုန် စွမ်းဆောင်ရည်ကို လျင်မြန်စွာ ပြုလုပ်ပေးထားပေမယ့် ဘက်ထရီသက်တမ်းကျဆင်းကာ ပန်ကာဆူညံသံ ပိုမိုကျယ်လောင်မယ်လို့ သိရပါတယ်။ စွမ်းဆောင်ရည်ပိုင်း မြှင့်တင်မှုက ယာယီပိုင်းပဲ ဖြစ်ပါတယ်။MacBook တွေမှာပဲ Pro Mode ပါဝင်လာဖွယ်ရှိပြီး ၁၆ လက်မ MacBook Pro မှာပဲ ပါဝင်လာနိုင်ပါတယ်။ MacRumors ရဲ့ဖော်ပြချက်အရ Mac Pro မှာ Pro Mode ပါဝင်မယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။

ထုတ်ကုန်ရဲ့ thermal စွမ်းဆောင်ရည်တိုးတက်ဖို့ အရေးပါတဲ့ ပန်ကာကို ကန့်သတ်မယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheNextWeb