Mac စွမ်းဆောင်ရည်မြှင့်တင်ပေးမယ့် app (၁၀) မျိုး

Mac အသုံးပြုပြီး အလုပ်လုပ်သူတွေအနေနဲ့ စွမ်းဆောင်ရည်မြင့် app တချို့လိုအပ်လာနိုင်ပါတယ်။ Mac ထိပ်တန်း app တွေနဲ့ ရောင်းအားအကောင်းဆုံး app (၁၀) မျိုးကို ဖော်ပြချင်ပါတယ်။ အဲဒီ app တွေနဲ့ အလုပ်လုပ်ရာမှာ အလုပ်တွင်ကျယ်ပြီး လုပ်ကိုင်နိုင်စွမ်းကိုပါ တိုးမြှင့်ပေးမှာပါ။

(၁) WorkspacePro: Multiple App Launcher for Mac
ဈေးနှုန်း- ၁၀ ဒေါ်လာ

အခု app က app အမျိုးမျိုကို ဖွင့်တာ၊ စီမံဖို့နဲ့ အလိုအလျောက် ပိတ်ပေးနိုင်တဲ့ all-in-one tool တစ်ခု ဖြစ်ပါတယ်။ WorspacePro ကြောင့် အချိန်ကုန်သက်သာပြီး desktop ကို ကျစ်ကျစ်လျစ်လျစ် သုံးနိုင်ပါတယ်။ Desktop နဲ့ hard drive ကိုမရှုပ်ထွေးစေဘဲ အလုပ်လုပ်နိုင်စွမ်းကို မြန်ဆန်စေမှာပါ။

(၂) TextSoap Mac App: Automate Tedious Text Document Clean up
ဈေးနှုန်း- ၄၅ ဒေါ်လာ

TextSoap မှာ command ပေါင်း ၁၀၀ ပါဝင်လာပြီး စာရွက်စာတမ်းတွေအားလုံးက မလိုချင်တဲ့ စာလုံးအကြီးနဲ့ စကားလုံးတွေကို ဖယ်ရှားနိုင်ပါတယ်။

(၃) MacClean 3: Family License
ဈေးနှုန်း- ဒေါ်လာ ၆၀

Mac ကို တစ်နှစ်ကျော်လောက် အသုံးပြုပြီးပြီဆိုရင်တော့ memory နဲ့ မြန်နှုန်းကို ဆုတ်ယုတ်စေမယ့် ဖိုင်တွေနဲ့ စာရွက်စာတမ်းတွေ ရှိလာမှာပါ။ Hard Drive တစ်ခုလုံးက မလိုတဲ့ ဖိုင်တွေကို စုစည်းပြီး ရှင်းပေးနိုင်တဲ့ tool ဖြစ်ပါတယ်။

(၄) Klokki: Automatic time Tracking Tool for Mac
ဈေးနှုန်း- ၂၅ ဒေါ်လာ

အလုပ်လုပ်နေစဉ်မှာ အချိန်ကို ခြေရာခံပေးတဲ့ tool ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာ ခြေရာခံတဲ့ စည်းမျဉ်းတွေနဲ့ alarm တွေဖန်တီးနိုင်ပါတယ်။

(၅) Goals: The Habit & Goal Tracking App for High Achievers
ဈေးနှုန်း- ဒေါ်လာ ၅၀

Google Play နဲ့ App Store ပေါ်ကရောင်းအားအကောင်းဆုံး ဖြစ်တဲ့ app ဖြစ်ပါတယ်။ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်တဲ့ကိစ္စတွေမှာ အာရုံစိုက်နိုင်အောင် ကူညီပေးပါတယ်။

(၆) Focuster Productivity App: Lifetime Subscription
ဈေးနှုန်း- ဒေါ်လာ ၄၈၀

အာရုံစူးစိုက်မှုနဲ့ အလုပ်လုပ်ကိုင်နိုင်စွမ်း တိုးတက်လာဖို့ Focuster ကိုအသုံးပြုသင့်ပါတယ်။ Focuster မှာ to-do list တွေကို ဖန်တီးပြီး မတူညီတဲ့ အချိန်ဇယားဆွဲထားတာကို စုစည်းတာနဲ့ reminder ကိုသတ်မှတ်လို့ရပါတယ်။

(၇) Breaks For Eyes for Mac
ဈေးနှုန်း- ၁၂ ဒေါ်လာ

မျက်စိညောင်းညာကိုက်ခဲတာနဲ့ အမြင်အာရုံကို ကာကွယ်ပေးမယ့် appဖြစ်ပါတယ်။ ကွန်ပျူတာကို ကြည့်ရင်းနဲ့ အနားယူဖို့ သတိပေးမှာ ဖြစ်ပြီး အာရုံစူးစိုက်မှု ပိုမိုကောင်းလာအောင် အကူအညီပေးနိုင်ပါတယ်။

(၈) Pagico 9: Task & Data Management Software
ဈေးနှုန်း- ဒေါ်လာ ၅၀

Pagico 9 ဟာ အဖွဲ့အစည်းဆိုင်ရာ အချိန်ကာလပြသမှု၊ စီမံကိန်းသရုပ်ပုံဖော်မှုနဲ့ နေ့စဉ်အစီအစဉ် အစည်းအဝေးတို့ကို စီစဉ်နိုင်တဲ့ လုပ်ငန်း tool ဖြစ်ပါတယ်။

(၉) Toodledo Plus Online Task Manager
ဈေးနှုန်း- ဒေါ်လာ ၆၀

အလုပ်ကို ထိရောက်စွာလုပ်နိုင်ဖို့ အသုံးဝင် reminder တွေထည့်သွင်းနိုင်တဲ့ app ဖြစ်ပါတယ်။ အခု task manager က ထုတ်ကုန်အားလုံးက ကိစ္စတွေကို စုစည်းပေးပါတယ်။ အလုပ်တွေကိုမှတ်တမ်းတင်တာ၊ message ကိုပို့တာနဲ့ ဝက်ဘ်ဆိုက်ကို save တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

(၁၀) Movavi PDF Editor
ဈေးနှုန်း- ဒေါ်လာ ၄၀

PDF ဖိုင်တွေကို စီမံတာနဲ့ တည်းဖြတ်တာတွေ ပြုလုပ်နိုင်သလို ဖွင့်ဆိုချက်တွေ ထည့်သွင်းတာ၊ highlight လည်းလုပ်နိုင်ပါတယ်။

စိုးထက်
Ref: Pocketnow