M28 TWS Wireless Waterproof Speaker

Remax ရဲ့ မော်ဒယ်သစ် M28 TWS Wireless Waterproof Speaker ဖြစ်ပါတယ်။ Bluetooth v4.2 ချိတ်ဆက်မှုအပြင် USB, SD Card ကိုပါ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AUX Line In အနေနဲ့ Mic ပါချိတ်ဆက်နိုင်သလို စပီကာ နှစ်လုံး ကိုလည်း တစ်ချိန်တည်းမှာ ချိတ်ဆက်နိုင်ပါတယ်။ အရည်အသွေး မြင့် 45mm full-range speakers ထောက်ပံ့ပေးထားတဲ့အတွက် အသံထွက်အရည်အသွေးမြင့်မားပြီး Output Power 2 x 5W အထိ ရရှိမှာဖြစ်ပါတယ် ။ 2200mah, 3.7V, li-battery ထောက်ပံ့ပေးထားတဲ့ အတွက် အားအပြည့်သွင်းထားရင် Standby အနေအထားနဲ့ ရက်ပေါင်းခြောက်ဆယ်လောက်ထားနိုင်ပြီး အား ၇၀ ရာခိုင်နှုန်းသွင်းရုံနဲ့ ရှစ်နာရီလောက် ဆက်တိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ IPX6 Level ရေစိုခံအဆင့် ရှိတဲ့အတွက် ရေစိုခံ အကြမ်းခံ အမျိုးအစား ဖြစ်ပါတယ်။ အရောင်အနေနဲ့ Ocean Blue, Deep Black ဆိုပြီး နှစ်မျိုး ဝင်ရောက်ပါတယ်။ တန်ဖိုးမှာ ၅၉,၀၀၀ ကျပ်ဖြစ်ပြီး Remax Myanmar ဖုန်း – ၀၉ ၂၅၉ ၉ ၁၁၉ ၀၀ နဲ့ အမြို့မြို့အနယ်နယ်ရှိ remax အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ