M1 ချစ်ပ်ထောက်ပံ့ထားတဲ့ MacBook တွေမှာ Windows 10 အသုံးပြုနိုင်

Apple ရဲ့ MacBook Air (M1 ချစ်ပ်ပါဝင်တဲ့ ၂၀၂၀ မော်ဒယ်) နဲ့ MacBook Pro (၁၃ လက်မ M1 ချစ်ပ်) တွေမှာ Windows 10 software ထောက်ပံ့မှု ပါဝင်လာနိုင်ပါတယ်။ Mac အတွက်ဖြန့်ထားတဲ့ Parallels Desktop update မှာ Windows 10 အတွက် ထောက်ပံ့ထားပါတယ်။

Parallels ကတော့ macOS ထုတ်ကုန်မှာ Windows software အသုံးပြုနိုင်တဲ့ virtual machine ဝန်ဆောင်မှု အဖြစ် နှစ်အတော်ကြာ တည်ရှိနေပါတယ်။ Parallels Desktop လက်ရှိ build မှာတော့ M1 ချစ်ပ်ထုတ်ကုန်မှာ Windows 10 အသုံးပြုတဲ့အခါ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ လာမယ့် ဗားရှင်းသစ်မှာ အဲဒီပြဿနာကို ဖြေရှင်းထားမယ်လို့ သိရပါတယ်။

Parallels အဖွဲ့ကတော့ ဗားရှင်းကို ဘယ်တော့ ဖြန့်ချိမလဲဆိုတာ မထုတ်ပြန်သေးပါဘူး။ Parallels အကြီးတန်းအင်ဂျင်နီယာနဲ့ ထောက်ပံ့ရေးဒုဥက္ကဋ္ဌဖြစ်တဲ့ နစ်ခ်ဒိုဘရိုဗိုစကီရက်ကတော့ လက်ရှိ ဗားရှင်းကတော့ အလားအလာကောင်းနေတယ်လို့ ပြောထားပါတယ်။

-စိုးထက်
Ref: LaptopMag

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««