M-Pitesan(M-ပိုက်ဆံ) အသုံးပြုသူများအတွက် ငွေသားကံစမ်းမဲပြုလုပ်

Ooredoo Myanmar မှ M-Pitesan ဝန်ဆောင်မှုကို အသုံးပြုသူများအတွက် နေ့စဉ်လုပ်ငန်းကိစ္စများကို လုပ်ဆောင်နေသ၍ နေ့စဉ်နှင့် အပတ်စဉ် ငွေသားဆုမဲတွေကို မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

နေ့စဉ်ဆု ကံထူးရှင် အယောက် ၂ဝဝ ရွေးချယ်ပေးသွားမှာဖြစ်ပြီး နေ့စဉ်ဆုများအနေဖြင့် ၂,ဝဝဝ ကျပ်၊ ၅,ဝဝဝ ကျပ်၊ ၁ဝ,ဝဝဝ ကျပ်နှင့် ၅ဝ,ဝဝဝ ကျပ်တို့ ပါဝင်မှာဖြစ်ပါတယ်။ အပတ်စဉ် ငွေသားဆုကြီးမှာ ငါးသိန်းကျပ်ဖြစ်ပြီး တစ်ပတ်လျှင် ကံထူးရှင် ၁ ယောက်စီ ရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။ဒီ အစီအစဉ်ကို ၂ဝ၁၇ ခုနှစ်ဒီဇင်ဘာလ ၁၄ ရက်မှ ၂ဝ၁၈ ဇန်နဝါရီလ ၁၃ ရက်အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

-အောင်သက်ကို