M-Pencil ထောက်ပံ့မှုပါဝင်လာတဲ့ Huawei ၁၀.၄လက်မ MatePad

Huawei ဟာအွန်လိုင်းကနေ ထုတ်ကုန်မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ Huawei ဟာ nova 7 စီးရီးအပြင် Huawei MatePad ကိုလည်း ပြသခဲ့ပါတယ်။ မနှစ်က တရုတ်နိုင်ငံမှာ MatPad Pro ကိုအနည်းငယ်လျှော့ချထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။

Huawei MatePad မျက်နှာပြင်အရွယ်အစားက 10.4 လက်မရှိပြီး ရုပ်ထွက်အရည်အသွေး 2,000x 1,200 pixel IPS display နဲ့ Kirin 810 chipset တို့ပါဝင်လာပါတယ်။ ဖုန်းမှာ ဘက်ထရီ 7,250mAh နဲ့အတူ USB-C ကတစ်ဆင့် 18W အားသွင်းမြန်ဆန်စနစ်ပါဝင်လာပါတယ်။

MatePad မှာ 8MP ကင်မရာ ၂လုံးပါဝင်လာပါတယ်။ ကျောဘက်မှာ autofocus ပါဝင်သလို selfie ကင်မရာမှာတော့ fixed focus ပါဝင်လာပါတယ်။ MatePad အလေးချိန်ကတော့ ၄၅၀ဂရမ်ပဲရှိပါတယ်။

Huawe MatePad မှာပညာရေးစင်တာက content တွေပါဝင်သလို သင်ကြားရေးအတွက် ရင်းမြစ်များစွာလည်းပါဝင်လာပါတယ်။

ကလေးငယ်တွေ MatePad ကိုအသုံးပြုပြီး ကျောင်းစာ အာရုံစိုက်ပြုလုပ်နိုင်ဖို့ စီမံချက်တွေ ပါဝင်လာပါတယ်။ MatePad မှာ အထူးစာဖတ် mode ပါဝင်ပြီး အပြာရောင်အလင်းကို လျော့ချရုံတင်မဟုတ်ဘဲ monochrome e-paper အတွေ့အကြုံလည်း ရရှိနိုင်ပါမယ်။ သုံးစွဲသူရဲ့ မျက်လုံးအကွာအဝေးနဲ့ ကိုယ်နေဟန်ထားကိုလည်း ခြေရာခံပေးပါတယ်။

MatePad ပေါ်က EMUI မှာ multi-window ထောက်ပံ့မှုပါဝင်ပြီး အခြားထုတ်ကုန်တွေနဲ့လည်း ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ Google Services တွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။ MatePad မှာ Huawei ရဲ့ M-Pencil stylus ထောက်ပံ့ထားပါတယ်။

Huawei MatePad မှာ Harman Kardon ကချိန်ညှိပေးထားတဲ့ စပီကာ ၄ ခုနဲ့ မိုက်ကရိုဖုန်း ၄မျိုးပါဝင်လာပါတယ်။

Huawei MatePad ကိုဗားရှင်း ၃မျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး 4GB+ 64GB Wi-Fi ဗားရှင်း (ဒေါ်လာ ၂၇၀) ၊ 6GB+128GB Wi-Fi (ဒေါ်လာ ၃၁၀) နဲ့ 6GB+ 128GB LTE (ဒေါ်လာ ၃၅၀) အသီးသီးကျသင့်ပါမယ်။

စိုးထက်
Ref: GSMArena

အင်တာနက်ဂျာနယ်ရဲ့ သတင်းတွေကို ဖတ်ရတာပျင်းနေလို့ အသံနဲ့ပဲနားထောင်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နားဆင်နိုင်တယ်နော်…