M-ပိုက်ဆံဖြင့် ဖုန်းငွေဖြည့်ပါက ငါးရာခိုင်နှုန်းအထိ ပြန်အမ်းငွေရရှိနိုင်မည်

M-ပိုက်ဆံ App နဲ့ မည်သည့်အူရီဒူးနံပါတ်ကိုမဆို ဖုန်းငွေဖြည့်တိုင်း ၅ ရာခိုင်နှုန်းအထိ ပြန်အမ်းငွေတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အခြားအော်ပရေတာတွေ ဖြစ်တဲ့ MPT, Mytel, MECTel ဖုန်းနံပါတ်တွေကို ဖုန်းငွေဖြည့်ပါက ၃ ရာခိုင်နှုန်း ပြန်အမ်းငွေလက်ဆောင်နဲ့ တယ်လီနောဖုန်းနံပါတ်ကို ဖုန်းငွေဖြည့်ပါက ၂.၅ ရာခိုင်နှုန်း ပြန်အမ်းငွေလက်ဆောင်ရရှိမှာဖြစ်ပါတယ်။ ပြန်အမ်းငွေလက်ဆောင်တွေကို ဖုန်းငွေဖြည့်သူရဲ့ M-ပိုက်ဆံအကောင့်ထဲသို့ ချက်ချင်းထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

M-ပိုက်ဆံ App ကို *999# ကို ဖုန်းခေါ်ဆို၍ဖြစ်စေ Google Play သို့ App Store မှဖြစ်စေ ဒေါင်းလုတ် ပြုလုပ်နိုင်ပါတယ်။

-သန္တာ