LTE ထောက်ပံ့မှုပါဝင်တဲ့ Nokia 3310 ထွက်ရှိလာနိုင်

၂၀၁၇ ခုနှစ် အစောပိုင်းက စတင်ထွက်ရှိခဲ့တဲ့ Nokia 3310 ဟာ 2G ကွန်ရက်တွေမှာပဲ အသုံးပြုနိုင်ပြီး၂၀၁၇ ခုနှစ် စက်တင်ဘာလက ထွက်ရှိလာတဲ့ ဗားရှင်းသစ်ကတော့ 3G ကွန်ရက်တွေမှာ အသုံးပြုနိုင်အောင် ထောက်ပံ့ထားတဲ့အတွက် အမေရိကန်နိုင်ငံက AT&T နဲ့ T-Mobile မှာအသုံးပြုနိုင်ပါတယ်။ အခုဆိုရင် LTE ထောက်ပံ့မှုပါဝင်တဲ့ Nokia 3310 ဗားရှင်းသစ်လည်း ၂၀၁၈ ခုနှစ်မှာ ထွက်ရှိလာနိုင်ပါတယ်။

Nokia 3310 ဟာ တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့အစည်း TENAA စာရင်းမှာ ပါဝင်လာပြီး နိုင်ငံတွင်းက နာမည်ကျော် ကြိုးမဲ့လှိုင်း TD-LTE နဲ့ TD-SCD ထောက်ပံ့မှုပါဝင်တယ်လို့ စာရင်းသွင်းထားတယ်လို့ Phone Radar ကဖော်ပြခဲ့ပါတယ်။ Nokia 3310 ဟာ Alibaba ရဲ့ Yun OS ကိုအသုံးပြုထားတယ်လို့ သိရပြီး Nokia 3310 ဟာ 2G ဗားရှင်းနဲ့ ခြားနားတဲ့ OS ကို 3G ဗားရှင်း ထုတ်ကုန်မှာလည်း အသုံးပြုထားပါတယ်။

စိုးထက်
Ref: TheVerge