Lottery Management System

အောင်ဘာလေထီ အရောင်းကိုယ်စားလှယ်သုံး App ဖြစ်ပါတယ်။ ထီလက်မှတ်ရောင်းချမှုတွေကို App ထဲမှာ မှတ်တမ်းပြုလုပ်ထားနိုင်မှာဖြစ်ပြီး အရောင်းစာရင်းစာအုပ်တစ်ခုလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ရက်စာ၊ တစ်လစာ ရောင်းချရတဲ့ အစောင်ရေ၊ လက်ကျန်စောင်ရေတွေကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပြီး အရောင်းစာရင်းတွေကိုလည်း PDF ဖိုင်အနေနဲ့ ပြန်လည် သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ထီကံထူးရှင်တွေရဲ့ စာရင်းကိုလည်း သီးသန့် ထုတ်ယူနိုင်မှာဖြစ်သလို ပေါက်တဲ့ ဆုအမျိုးအစားလိုက် ကံထူးရှင်တွေကိုလည်း ခွဲခြားမှတ်သားထားနိုင်မှာဖြစ်ပါတယ်။ App ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး လစဉ်ကြေး ၅၀၀၀ ကျပ်နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း