Loop profile GIF ေတြေထာက္ပံ့မႈကို Tinder တရားဝင္ျဖန္႔ခ်ိ

အြန္လိုင္းမွာ ၾကင္ေဖာ္ရွာေဖြေပးတဲ့ Tinder ဟာ Loops ဒါမွမဟုတ္ loop profile GIF ေတြေထာက္ပံ့မႈကုိ iOS အတြက္ တရားဝင္ျဖန္႔ခ်ိေပးလိုက္ပါၿပီ။ အဲဒီေထာက္ပံ့မႈကို အေမရိကန္၊ အေနာက္ဥေရာပ၊ အာရွနဲ႔ အေရွ႕အလယ္ပုိင္းက ႏိုင္ငံတခ်ိဳ႕ဆီ ျဖန္႔ခ်ိေပးလိုက္ပါတယ္။ Tinder ဟာ အဲဒီ feature ကုိ ဆီြဒင္နဲ႔ ကေနဒါမွာ စတင္ စမ္းသပ္ခဲ့ပါတယ္။ သုံးစြဲသူေတြက Tinder app အတြင္းက loop ေတြကို တည္းျဖတ္ႏိုင္ၿပီး အခု update မွာ ဓာတ္ပုံေတြ ဒါမွမဟုတ္ GIF ဖိုင္ေတြ ေနာက္ထပ္ ၃ ခု အထိ ထည့္သြင္းႏိုင္တဲ့ option ပါဝင္လာပါတယ္။ ဒါေၾကာင့္ Tinder က profile ေတြမွာ ဓာတ္ပုံေတြ ဒါမွမဟုတ္ GIF ဖိုင္ေတြကုိ စုစုေပါင္း ၉ ခု အထိ ထည့္သြင္းႏိုင္ပါတယ္။

ဒါ့အျပင္ Tinder ဟာ မၾကာေသးခင္က Places လို႔အမည္ရတဲ့ feature ကိုစမ္းသပ္ခဲ့ပါတယ္။ အဲဒီ feature ဟာ သြားေရာက္လည္ပတ္တဲ့ ေနရာေတြတူညီတဲ့ လူေတြကို သုံးစြဲသူက swipe ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ Tinder ရဲ႕အခု feature သစ္ႏွစ္ခုဟာ အျခား app က feature ေတြနဲ႔ဆင္ပါတယ္။ အျခား dating app တစ္မ်ိဳးျဖစ္တဲ့ Happn ကလည္း ျပင္ပကမ႓ာအတြင္းက သြားလာတဲ့ လမ္္းေၾကာင္းတူညီသူေတြကို match ျပဳလုပ္ေပးပါတယ္။ Tinder ရဲ႕မိခင္ကုမၸဏီ Match Group ပုိင္ဆုိင္တဲ့ Hinge ကလည္း သုံးစြဲသူေတြကုိ ဗီဒီယိုအတိုေလးေတြ တင္ခြင့္ျပဳထားပါတယ္။ သမား႐ိုးက် ဓာတ္ပုံေတြကို swiper လုပ္တာဟာ သုံးစြဲသူကုိ အြန္လိုင္းမွာ ခ်ိတ္ဆက္ေပးႏိုင္တဲ့ အေကာင္းဆုံးနည္းလမ္း မဟုတ္ေတာ့ပါဘူး။

Tinder အေနနဲ႔ Loops feature ကို iOS အတြက္ပဲ ျဖန္႔ခ်ိေပးလိုက္တာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

အွန်လိုင်းမှာ ကြင်ဖော်ရှာဖွေပေးတဲ့ Tinder ဟာ Loops ဒါမှမဟုတ် loop profile GIF တွေထောက်ပံ့မှုကို iOS အတွက် တရားဝင်ဖြန့်ချိပေးလိုက်ပါပြီ။ အဲဒီထောက်ပံ့မှုကို အမေရိကန်၊ အနောက်ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတချို့ဆီ ဖြန့်ချိပေးလိုက်ပါတယ်။ Tinder ဟာ အဲဒီ feature ကို ဆွီဒင်နဲ့ ကနေဒါမှာ စတင် စမ်းသပ်ခဲ့ပါတယ်။ သုံးစွဲသူတွေက Tinder app အတွင်းက loop တွေကို တည်းဖြတ်နိုင်ပြီး အခု update မှာ ဓာတ်ပုံတွေ ဒါမှမဟုတ် GIF ဖိုင်တွေ နောက်ထပ် ၃ ခု အထိ ထည့်သွင်းနိုင်တဲ့ option ပါဝင်လာပါတယ်။ ဒါကြောင့် Tinder က profile တွေမှာ ဓာတ်ပုံတွေ ဒါမှမဟုတ် GIF ဖိုင်တွေကို စုစုပေါင်း ၉ ခု အထိ ထည့်သွင်းနိုင်ပါတယ်။

ဒါ့အပြင် Tinder ဟာ မကြာသေးခင်က Places လို့အမည်ရတဲ့ feature ကိုစမ်းသပ်ခဲ့ပါတယ်။ အဲဒီ feature ဟာ သွားရောက်လည်ပတ်တဲ့ နေရာတွေတူညီတဲ့ လူတွေကို သုံးစွဲသူက swipe ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Tinder ရဲ့အခု feature သစ်နှစ်ခုဟာ အခြား app က feature တွေနဲ့ဆင်ပါတယ်။ အခြား dating app တစ်မျိုးဖြစ်တဲ့ Happn ကလည်း ပြင်ပကမ႓ာအတွင်းက သွားလာတဲ့ လမ််းကြောင်းတူညီသူတွေကို match ပြုလုပ်ပေးပါတယ်။ Tinder ရဲ့မိခင်ကုမ္ပဏီ Match Group ပိုင်ဆိုင်တဲ့ Hinge ကလည်း သုံးစွဲသူတွေကို ဗီဒီယိုအတိုလေးတွေ တင်ခွင့်ပြုထားပါတယ်။ သမားရိုးကျ ဓာတ်ပုံတွေကို swiper လုပ်တာဟာ သုံးစွဲသူကို အွန်လိုင်းမှာ ချိတ်ဆက်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်း မဟုတ်တော့ပါဘူး။

Tinder အနေနဲ့ Loops feature ကို iOS အတွက်ပဲ ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge