LOL : Wild Rift Myanmar Guide App ကို Play Store တွင် ရယူနိုင်

League of Legends: Wild Rift နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မြန်မာလို ဖတ်ရှုနိုင်အောင် စီစဥ် ပေးထားတဲ့ LOL: Wild Rift Myanmar Guide app ကို Play Store ပေါ်မှာ ရယူနိုင်ပြီ ဖြစ်ပါတယ်။

League of Legends: Wild Rift ဂိမ်းမှာပါဝင်တဲ့ Item တွေ Rune တွေနဲ့ Spell တွေအကြောင်းကို မြန်မာလို အသေးစိတ်ရှင်းလင်းဖော်ပြပေးထားပြီး Champion တစ်ကောင်ချင်းစီရဲ့ item build တွေနဲ့ ability တွေအပြင် spell တွေအကြောင်းအကို အပြည့်အစုံ ဖော်ပြပေးထားပါတယ်။

Item, rune, spell နဲ့ buff တွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖော်ပြပေးထားသလို Game update ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ဖော်ပြေပေးမယ့် app တစ်ခု ဖြစ်ပါတယ်။

ဒီ app ကို MM Tech Innovation မှ ရေးဆွဲထားတာဖြစ်ပြီး Play Store ပေါ်ကနေ အခမဲ့ download လုပ်ယူနိုင် မှာဖြစ်ပါတယ်။ ထည့်သွင်း သုံးစွဲလိုတဲ့ ဂိမ်းဝါသနာရှင်တွေအနေနဲ့ https://bit.ly/2IEJvJF ဆိုတဲ့ Play Store link ကနေ ရယူနိုင်ပါတယ််။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««