Logitech K480 keyboard

ဟန်းဆက်၊ Tablet, Laptop, Macbook စတာ‌တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့ Logitech K480 keyboard ဖြစ်ပါတယ်။ ကျောင်းသုံး၊ ရုံးသုံး၊ လုပ်ငန်းသုံး စွယ်စုံ အသုံးပြုနိုင်ပါတယ်။ Bluetooth နဲ့ချိတ်ဆက် အသုံးပြုရတာဖြစ်ပြီး ၁၀ မီတာ အကွာအဝေးအထိ အသုံးပြု နိုင်ပါတယ်။ ထုတ်ကုန် ၃ ခု အထိ ချိတ်ဆက်နိုင်လို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ AAA အမျိုးအစား ဘက်ထရီ ၂ လုံး ထည့်သွင်းအသုံးပြုရပြီး တစ်ခါထည့်သွင်းထားရင် ၂ နှစ်အထိ သုံးနိုင်မှာ ဖြစ်ပါတယ်။ PC မှာ Windows 7, Windows 8, Windows 10, Mac မှာ Mac OS X နဲ့ အထက် ၊ Chrome OS, iPad နဲ့ iPhone တို့မှာ iOS 5 နဲ့ အထက်၊ Android အနေနဲ့ tablet နဲ့ smartphone တွေမှာ Android 3.2 နဲ့ အထက်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဖြူနဲ့ အနက် အရောင် ၂ မျိုးရှိမှာ ဖြစ်ပါတယ်။ တန်ဖိုးက ၅၅,၂၀၀ ကျပ် ဖြစ်ပါတယ်။ Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်)၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း)နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ