Linon 3J 10000mAh Power Bank

ထုတ်ကုန်လေးခုကို တစ်ပြိုင်နက် အားပြန်သွင်းနိုင်တဲ့ Remax Linon 3J 10000mAh Power Bank ဖြစ်ပါတယ်။ Power Bank မှာ iPhone, Type-C, Micro အားသွင်းကြိုး အစုံ ပါ၀င်သလို 2.1A Output USB တစ်ပေါက် ထပ်ပါဝင်တဲ့အတွက် Tablet နဲ့ ဟန်းဆက်လေးလုံးကို တစ်ပြိုင်နက် အားသွင်းနိုင်မှာဖြစ်ပါတယ်။ Li-Polymer Battery အမျိုးအစားဖြစ်ပြီး 10000 mAh ထောက်ပံ့ပေးထားကာ Input က Micro & Type C 5V=2A ဖြစ်ပါတယ်။ အားသွင်း၊ အားဝင်၊ လက်ရှိ အားကျန် ပမာဏကို ဖော်ပြပေးတဲ့ Digital Display Screen ထောက်ပံ့ပေးထားသလို အားပြန်သွင်းရာမှာ ဘေးကင်းစေမယ့် Safe Charging စနစ်လည်း ထောက်ပံ့ပါရှိပါတယ်။ တန်ဖိုးက ၁၅,၀၀၀ ကျပ်ဖြစ်ပါတယ် ။အရောင်အနေနဲ့ အဖြူနဲ့ အနက်ဆိုပြီး နှစ်မျိုးဝင်ရောက်လာပါတယ်။ Remax Myanmar ဖုန်း – ၀၉၂၅၉၉၁၁၉၀၀ ကနေ တရားဝင်တင်သွင်းတာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ပြားရှိ Remax အရောင်းကောင်တာတွေမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

Viber Community

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community  မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««