LinkedIn တြင္ မိမိ profile ကို QR code ပါဝင္သည့္ ဒီဂ်စ္တယ္လိပ္စာကတ္ တစ္ခုအျဖစ္ ေျပာင္းလဲႏိုင္

[ Zawgyi ]

LinkedIn သံုးစြဲသူေတြရဲ႕ ဆက္သြယ္မႈ အခ်က္အလက္ေတြကို အလြန္လြယ္ကူစြာ ရရိွႏိုင္ေစမယ့္ feature သစ္တစ္ခုကို LinkedIn က ျဖန္႔ခ်ိေပးလိုက္ပါတယ္။

ကုမၸဏီအေနနဲ႔ အျပင္ေလာကမွာ လူေတြ အလြယ္တကူ ဆက္သြယ္ႏိုင္ေစမယ့္ QR အေျခခံလိပ္စာကတ္မ်ားအတြက္ အေထာက္အပံ့ကို ထည့္သြင္းလိုက္တယ္လို႔ LinkedIn က blog post တစ္ခုကေန ေၾကညာခဲ့ပါတယ္။

“ဒီကေန႔မွာ ကၽြန္ေတာ္တို႔ဟာ LinkedIn QR code ကို မိတ္ဆက္လိုက္ပါတယ္။ LinkedIn QR code ဟာ တစ္ေယာက္ေယာက္နဲ႔ ေတြ႕ဆံုၿပီးတဲ့ေနာက္ profile ကို အလြယ္တကူရွာေဖြၿပီး ဆက္သြယ္ေစႏိုင္မယ့္ အ႐ိုးရွင္းဆံုး နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ပြဲတစ္ခုခုမွာ တစ္ေယာက္ေယာက္နဲ႔ေတြ႕ၿပီး စကားေျပာခ်င္တယ္ဆိုရင္လည္း LinkedIn app ကိုဖြင့္ၿပီး သူ႔ရဲ႕ QR code ကို scan လုပ္႐ံုနဲ႔ ဆက္သြယ္ႏိုင္ပါတယ္။ လိပ္စာကတ္ေတာင္းတာ၊ နာမည္ကို စာလံုးေပါင္းျပခိုင္းတာနဲ႔ သူတို႔ profile ကို ကိုယ့္ဖုန္းနဲ႔ ရွာခိုင္းတာေတြက ေခတ္ကုန္သြားပါၿပီ” လို႔ LinkedIn က ေျပာၾကားခဲ့ပါတယ္။

Apple ဟာ ဖုန္းကင္မရာကေန QR code scan ဖတ္ႏိုင္မယ့္ feature ကို iOS မွာလည္း built in ထည့္သြင္းထားပါတယ္။ iOS 11 ကစၿပီး built-in Camera app မွာ အျခား app မလိုဘဲ QR code ေတြကို scan ဖတ္ႏိုင္ပါတယ္။ ဒါ့အျပင္ iOS 12 မွာလည္း Camera app နဲ႔ QR code တစ္ခုကို အလ်င္အျမန္ scan လုပ္ႏိုင္မယ့္ Control Center shortcut တစ္ခု ထည့္သြင္းထားတယ္လို႔သိရပါတယ္။

-ေနာင္ေနာင္
Ref: 9to5mac

[ Unicode ]

LinkedIn သုံးစွဲသူတွေရဲ့ ဆက်သွယ်မှု အချက်အလက်တွေကို အလွန်လွယ်ကူစွာ ရရှိနိုင်စေမယ့် feature သစ်တစ်ခုကို LinkedIn က ဖြန့်ချိပေးလိုက်ပါတယ်။

ကုမ္ပဏီအနေနဲ့ အပြင်လောကမှာ လူတွေ အလွယ်တကူ ဆက်သွယ်နိုင်စေမယ့် QR အခြေခံလိပ်စာကတ်များအတွက် အထောက်အပံ့ကို ထည့်သွင်းလိုက်တယ်လို့ LinkedIn က blog post တစ်ခုကနေ ကြေညာခဲ့ပါတယ်။

“ဒီကနေ့မှာ ကျွန်တော်တို့ဟာ LinkedIn QR code ကို မိတ်ဆက်လိုက်ပါတယ်။ LinkedIn QR code ဟာ တစ်ယောက်ယောက်နဲ့ တွေ့ဆုံပြီးတဲ့နောက် profile ကို အလွယ်တကူရှာဖွေပြီး ဆက်သွယ်စေနိုင်မယ့် အရိုးရှင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပွဲတစ်ခုခုမှာ တစ်ယောက်ယောက်နဲ့တွေ့ပြီး စကားပြောချင်တယ်ဆိုရင်လည်း LinkedIn app ကိုဖွင့်ပြီး သူ့ရဲ့ QR code ကို scan လုပ်ရုံနဲ့ ဆက်သွယ်နိုင်ပါတယ်။ လိပ်စာကတ်တောင်းတာ၊ နာမည်ကို စာလုံးပေါင်းပြခိုင်းတာနဲ့ သူတို့ profile ကို ကိုယ့်ဖုန်းနဲ့ ရှာခိုင်းတာတွေက ခေတ်ကုန်သွားပါပြီ” လို့ LinkedIn က ပြောကြားခဲ့ပါတယ်။

Apple ဟာ ဖုန်းကင်မရာကနေ QR code scan ဖတ်နိုင်မယ့် feature ကို iOS မှာလည်း built in ထည့်သွင်းထားပါတယ်။ iOS 11 ကစပြီး built-in Camera app မှာ အခြား app မလိုဘဲ QR code တွေကို scan ဖတ်နိုင်ပါတယ်။ ဒါ့အပြင် iOS 12 မှာလည်း Camera app နဲ့ QR code တစ်ခုကို အလျင်အမြန် scan လုပ်နိုင်မယ့် Control Center shortcut တစ်ခု ထည့်သွင်းထားတယ်လို့သိရပါတယ်။

-နောင်နောင်
Ref: 9to5mac