Lincoln Scholarship အစီအစဉ်၏ဒုတိယအကြိမ် လျှောက်လွှာ ခေါ်ယူ

USAID Lincoln Scholarship အစီအစဉ်ရဲ့ဒုတိယအကြိမ် လျှောက်လွှာတွေကို ဇွန် ၇ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ပါတယ်။

ပညာသင်ဆုကို အမေရိကန်ပြည်ထောင်စုမှာ မဟာဘွဲ့တက်ရောက်လိုသူတွေ လျှောက်ထားနိုင်ပြီးနိုင်ငံအတွက်လိုအပ်တဲ့ ခေါင်းဆောင်မှုနဲ့ နည်းပညာကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်တွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ပညာသင်ဆုကို ပေးအပ်ရခြင်းမှာ မြန်မာ့ အနာဂတ်ခေါင်းဆောင်လောင်းတွေကို အစားအသောက်နှင့် အာဟာရ သိပ္ပံ၊ သဘာဝ သယံဇာတ ရင်းမြစ် စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှု၊ စီးပွားရေး၊ ဘောဂဗေဒ နှင့် ဘဏ္ဍာရေး စတဲ့ နယ်ပယ် တွေမှာ ဘွဲ့ဒီဂရီတွေရရှိစေခြင်း ဖြင့် မြန်မာနိုင်ငံဟာ ၎င်းရဲ့ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေမှာ ၂၁ ရာစုရဲ့ပိုမိုရှုပ်ထွေးလာတဲ့ အခြေအနေတွေအကြားမှာ ဦးဆောင်ဖြေရှင်းမယ့်လူငယ်ခေါင်းဆောင်တွေ နည်းပညာ စွမ်းရည် ပြည့်ဝနေစေရန် ရည်ရွယ်တာဖြစ်ပါတယ်။အသက် ၄၀ နှစ်နဲ့ အောက်ဖြစ်ပြီး ဘွဲ့တစ်ခုရရှိထားသူတွေ လျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာတွေကိုတော့  ဒီနေရာမှာ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

-သန္တာ