Like အကြိမ်ရေ ပြသမှုကို Facebook ဖယ်ရှားဖွယ်ရှိ

Facebook ဟာ သုံးစွဲသူတွေကို ကိုယ်တိုင် ဆင်ဆာဖြတ်ခြင်းကနေ ဖျောင်းဖျတာနဲ့ အားကျတာတွေကနေ သုံးစွဲသူတွေကို ကာကွယ်ဖို့ News Feed post တွေက Like အကြိမ်ရေကို စတင်ဖုံးကွယ်သွားနိုင်ပါတယ်။
Instagram အနေနဲ့ ကနေဒါနဲ့ ဘရာဇီးအပါအဝင် နိုင်ငံပေါင်း ၇ ခုမှာ Like အကြိမ်ရေနေရာမှာ mutual friend တွေရဲ့ နာမည်အနည်းငယ်ကို စတင်ပြသနေပါတယ်။ အဲဒီစိတ်ကူးကတော့ သုံးစွဲသူတွေ အခြားသူတွေ အပျက်ဘက်က နှိုင်းယှဉ်စဉ်းစားမှုကိုကာကွယ်ပြီး အခြားလူများထက် Like နည်းပါးတာကို အားနည်းချက်တစ်ခုလို ခံစားရနိုင်မှာကို တားဆီးဖို့ဖြစ်ပါတယ်။ ဒါ့အပြင် Like ဒါမှမဟုတ် ဝေမျှမှုလုံလုံလောက်လောက် မရရင် post တွေဖျက်တဲ့ သုံးစွဲသူတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

Reverse အင်ဂျင်နီယာပိုင်းကျွမ်းကျင်တဲ့ ဂျိန်းမန်ချန်ဝမ်က Android app ထဲမှာ Facebook က Like အကြိမ်ရေဖုံးကွယ်ထားတဲ့ ရှေ့ပြေးပုံစံတွေကို တွေ့ရှိခဲ့ပါတယ်။ Facebook ကို TechCrunch ကဆက်သွယ်မေးမြန်းတဲ့အခါ Like အကြိမ်ရေကို ပြသတာကို ဖယ်ရှားဖို့ စမ်းသပ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။ Instagram ရဲ့ Like ပြသမှုကို ဖုံးကွယ်တဲ့ စမ်းသပ်မှုက ရလဒ်တွေအပြင် စတင်စမ်းသပ်နေမယ့် အချိန် ဒါမှမဟုတ် အကြောင်းရင်းကိုတော့ Facebook က မပြောခဲ့ပါဘူး။ Fcaebook အနေနဲ့ အခု feature ကိုထည့်သွင်းဖွယ်ရှိပြီး သုံးစွဲမှုနဲ့ ဝင်ငွေကျဆင်းသွားရင်တော့ feature ကိုပြန်လည် ပယ်ဖျက်နိုင်ပါတယ်။

စိုးထက်
Ref: TechCrunch