Lightning Connector မပါဝင်တဲ့ ကြိုးမဲ့ iPhone ကို Apple ဖြန့်ချိနိုင်

Apple ဟာ ၂၀၂၁ ခုနှစ် ဒုတိယပိုင်းမှာ Lightning connector မပါဝင်တဲ့ တန်ဖိုးကြီး iPhone ကို ဖြန့်ချိနိုင်တယ်လို့ နာမည်ကျော် လေ့လာဆန်းစစ်သူ မင်ချီကူက ခန့်မှန်းပြောကြားခဲ့ပါတယ်။ Apple အနေနဲ့ ကြိုးမဲ့စနစ် လုံးဝ အသုံးပြုထားတဲ့ အတွေ့အကြုံရရှိမယ့် iPhone ကိုထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ port တစ်ခုမှ ပါဝင်လာဖွယ်မရှိပါဘူး။

“Apple ဟာ တန်းဖိုးမြင့်နဲ့ တန်ဖိုးကြီး ထုတ်ကုန်အကြား ပိုမိုကွဲပြားဖို့ ဖန်တီးသွားပါမယ်။ တန်ဖိုးမြင့်နဲ့ iPhone ပျှမ်းမျှရောင်းချဈေး တင်ပို့မှုကို အကျိုးရှိလာမှာပါ။ 2H21 iPhone မော်ဒယ်တွေရဲ့ တန်ဖိုးမြင့်ထုတ်ကုန်မှာ Lightning port ကိုဖျက်သိမ်းဖွယ်ရှိပြီး ကြိုးမဲ့အတွေ့အကြုံပဲ ပါဝင်လာမယ်” လို့ TF International Secrities ရဲ့မင်ချီကူရဲ့ သုတေသနမှတ်စုမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အစောပိုင်းမှာတော့ iPhone SE 2 Plus ဖုန်းထွက်ရှိလာနိုင်ပြီး Face ID မပါဝင်ပေမယ့် full-screen ဒီဇိုင်းကို အသုံးပြုဖွယ်ရှိပါတယ်။ ဖုန်းရဲ့ ပါဝါခလုတ်မှာ Touch ID ကိုထည့်သွင်းထားမယ်လို့ မင်ချီက ခန့်မှန်းသွားခဲ့ပါတယ်။

စိုးထက်
Ref: MacRumors