Lighting input ပါဝင္တဲ့ 10,000 mAh power bank ကို Belkin မိတ္ဆက္

[Zawgyi]

Belkin ဟာ Apple က ေထာက္ခံခ်က္ေပးထားတဲ့ Lighting input port ပါဝင္တဲ့ Boost Charge power bank ကို မိတ္ဆက္ခဲ့ပါတယ္။ ဒါေၾကာင့္ သုံးစြဲသူရဲ႕ iPhone ကို 10,000 mAh power bank နဲ႔ အားသြင္းဖို႔ ႀကိဳးတစ္ခုပဲ လုိပါတယ္။
gsmarena
အခုထုတ္ကုန္ဟာ Apple သုံးစြဲသူေတြအတြက္ ဦးတည္ေရာင္းခ်တာျဖစ္ပါတယ္။ ဒါ့အျပင္ Belkin က Boost Charge နဲ႔တြဲဖက္အသုံးျပဳႏိုင္တဲ့ iDevices ၂၃ ခုစာရင္းကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ သုံးစြဲသူမွာ သင့္ေတာ္တဲ့ USB ႀကိဳးရွိရင္ ဘယ္လုိ စမတ္ဖုန္းနဲ႔မဆို power bank နဲ႔ တြဲဖက္အသုံးျပဳႏိုင္ပါတယ္။
gsmarena
Belkin က Boost Charge ကို အျဖဴနဲ႔ အနက္ဆိုၿပီး ႏွစ္ေရာင္ ထုတ္လုပ္ထားပါတယ္။ Boost Charge မွာ ထုတ္ကုန္ႏွစ္ခုကို တစ္ၿပိဳင္တည္းအားသြင္းႏိုင္ေအာင္ USB port ႏွစ္ခု ပါဝင္လာပါတယ္။ Boost Charge ရဲ႕ပမာဏက 10,000 mAh ျဖစ္တဲ့အတြက္ iPhone X ဘက္ထရီအျပည့္ ေလးႀကိမ္နီးပါး သြင္းႏိုင္ပါတယ္။
Belkin ရဲ႕ Boost Charge ကို ေဒၚလာ ၅၉.၉၉ နဲ႔ အေမရိကန္မွာ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[Unicode]

Belkin ဟာ Apple က ထောက်ခံချက်ပေးထားတဲ့ Lighting input port ပါဝင်တဲ့ Boost Charge power bank ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် သုံးစွဲသူရဲ့ iPhone ကို 10,000 mAh power bank နဲ့ အားသွင်းဖို့ ကြိုးတစ်ခုပဲ လိုပါတယ်။

gsmarena

အခုထုတ်ကုန်ဟာ Apple သုံးစွဲသူတွေအတွက် ဦးတည်ရောင်းချတာဖြစ်ပါတယ်။ ဒါ့အပြင် Belkin က Boost Charge နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ iDevices ၂၃ ခုစာရင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သုံးစွဲသူမှာ သင့်တော်တဲ့ USB ကြိုးရှိရင် ဘယ်လို စမတ်ဖုန်းနဲ့မဆို power bank နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။

gsmarena

Belkin က Boost Charge ကို အဖြူနဲ့ အနက်ဆိုပြီး နှစ်ရောင် ထုတ်လုပ်ထားပါတယ်။ Boost Charge မှာ ထုတ်ကုန်နှစ်ခုကို တစ်ပြိုင်တည်းအားသွင်းနိုင်အောင် USB port နှစ်ခု ပါဝင်လာပါတယ်။ Boost Charge ရဲ့ပမာဏက 10,000 mAh ဖြစ်တဲ့အတွက် iPhone X ဘက်ထရီအပြည့် လေးကြိမ်နီးပါး သွင်းနိုင်ပါတယ်။
Belkin ရဲ့ Boost Charge ကို ဒေါ်လာ ၅၉.၉၉ နဲ့ အမေရိကန်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena