LibreOffice 7.0 ကို Ubuntu OS တွင် ထည့်သွင်းခြင်း

LibreOffice ဆိုတာက တော့ Ubuntu OS မှာ အသုံးပြု နိုင်မယ့် office suite တစ်ခုဖြစ် ပါတယ်။ LibreOffice 7.0 ကို Ubuntu OS 20.04 မှာ ထည့် သွင်းချင်သူတွေအနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်း အ သုံးပြုနိုင်မှာဖြစ်ပါတယ်။

Ubuntu OS မှာ LibreOffice 7.0 ကို ထည့်သွင်းဖို့အတွက်ပထ မဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့် ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

LibreOffice 7.0 ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:libreoffice/libreoffice-7-0

sudo add-apt-repository ppa:libreoffice/ppa

sudo apt full-upgrade

ဆိုတဲ့ command တွေဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ အသုံးမပြုလိုတော့ဘူးဆိုရင်

sudo add-apt-repository –remove ppa:libreoffice/libreoffice-7-0

ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။