Libre Office 6.3 ကို Upgrade လုပ်ခြင်း

[ Zawgyi ]




sudo apt update





-သီဟ

[ Unicode ]

Ubuntu OS မှာ default ပါဝင်တဲ့ Libre Office ကို version 6.3 အထိ upgrade ပြုလုပ်ချင်သူတွေအတွက် Upgrade လုပ်ဆောင်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Libre Office 6.3 ကို Upgrade လုပ်ဆောင်ဖို့အတွက် ဖော်ပြပါနည်းလမ်း ၂ မျိုးထဲက နှစ်သက်ရာနည်းလမ်းနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ပထမဆုံး Terminal ကိုဖွင့်ပြီး Libre Office PPA ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် command ကတော့ –

sudo add-apt-repository ppa:libreoffice/ppa

ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ နည်းလမ်း ၁ အရ Software Updater ကနေ Libre Office ကိုရှာဖွေပြီး Update လုပ်မယ့် ဖိုင်တွေကို အမှန်ခြစ် ထည့်သွင်းကာ Install update
ကို နှိပ်ပြီး upgrade လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်းကတော့ terminal မှာ

sudo apt update

sudo apt install libreoffice

ဆိုတဲ့ command နဲ့ ထည့်သွင်းပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ အသုံးမပြုလိုဘူးဆိုရင်

sudo apt-get install ppa-purge &&sudoppa-purge ppa:libreoffice/ppa

ဆိုတဲ့ command နဲ့ uninstall လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။