LG Wing ဖုန်း ဗီဒီယို ထွက်ပေါ်

ဒီနှစ်အစောပိုင်းမှာ LG ဟာ ဆုံလည်ဒီဇိုင်း လျှို့ဝှက်အမည်ရ Wing မျက်နှာပြင် ၂ ခုပါတဲ့ ဖုန်းကို လုပ်ကိုင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အခုဆိုရင် ဖုန်းရဲ့ သီးသန့် ဗီဒီယိုတစ်ခု ပေါက်ကြားထွက်ပေါ်လာတာကို Android Authority က ဖော်ပြခဲ့ပါတယ်။

အရင်ကထွက်လာတဲ့ Wing ရှေ့ပြေးပုံစံဖုန်းမှာ အလျားလိုက်မျက်နှာပြင်အောက်မှာ မျက်နှာအသေးတစ်ခု ပါဝင်တာကို တွေ့ရပါတယ်။ ပေါက်ကြားထွက်ပေါ်တဲ့ ဗီဒီယိုမှာလည်း အဓိက မျက်နှာပြင်ကို ဒေါင်လိုက်ထောင်ပြီး ဘေးဘက်မှာ ဒုတိယမျက်နှာပြင်ကို တွေ့ရပါတယ်။ ဗီဒီယိုမှာ ယာဉ်မောင်းတစ်ဦးက မျက်နှာပြင်အကြီးမှာ GPS လမ်းညွှန်စနစ်ကို အသုံးပြုပြီး ဒုတိယမျက်နှာပြင်မှာတော့ music control တွေကိုအသုံးပြုနေပါတယ်။ ဖုန်းခေါ်ဆိုမှုဝင်လာတဲ့အခါ ပိုသေးငယ်တဲ့ display က တာဝန်လွှဲပြောင်းယူသွားပါတယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««