LG Ultra PC 17

ဈေးနှုန်း – ကန်ဒေါ်လာ ၁၆၉၉

အားသာချက်

ပေါ့ပါးပြီး စတိုင်ကျလှပတဲ့ ဒီဇိုင်း၊ တောက်ပမှုရှိတဲ့ ကာလာရုပ်ထွက်ပိုင်းနဲ့ Display ကောင်းမွန်ပြီး တစ်ကိုယ်ရေဖျော်ဖြေမှုအတွက် မာတီမီဒီယာထုတ်ကုန်တစ်ခု အနေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို အထူးကျေနပ်စရာကောင်းလှတဲ့ ကီးဘုတ်နဲ့ Touchpad စနစ်တွေ ထောက်ပံ့ပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ဗီဒီယိုတည်းဖြတ်မှုပိုင်းနဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ပိုင်း သိပ်အားမရတာက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

မာတီမီဒီယာ Laptop တစ်လုံးအနေနဲ့ ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ LG Ultra PC 17 ရဲ့ Geekbench 5.0 overall စွမ်းဆောင်ရည်ရမှတ် ၃၄၉၈ ရှိပြီး ဒီရမှတ်က ပရီမီယံ Laptop တစ်လုံးရဲ့ ပျှမ်းမျှရှိသင့်တဲ့ ရမှတ် ၄၀၅၃ ထက် နည်းတယ်လို့ဆိုရမှာပါ။ နောက်တစ်ခုက 4K ဗီဒီယိုကို 1080p resolution ကို ပြောင်းတာ ၁၉ မိနစ်ခန့် ကြာမြင့်ပါတယ်။ ဒါက ၁၁ မိနစ်နဲ့ ပြောင်းပေးနိုင်တဲ့ Acer Swift နဲ့ ၁၄ မိနစ်အတွင်း ပြောင်းပေးနိုင်တဲ့ MSI Prestige 14 တို့ထက်နှေးသလို ပရီမီယံ Laptop တစ်လုံးအတွက် နှေးတယ်လို့လည်း ဆိုနိုင်ပါတယ်။ GPU ပိုင်းက အလယ်အလတ် စွမ်းဆောင်ရည်လောက်သာ ရှိတယ်ဆိုပေမယ့် LG Ultra PC 17 က နေ့စဉ် ပရော်ဖက်ရှင်နယ် လုပ်ငန်းလိုအပ်ချက်မျိုးစုံနဲ့ အချို့ဂရပ်ဖစ်ဂိမ်းတွေအတွက် စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မယ့် Laptop တစ်လုံးဖြစ်ပါတယ်။ ကြီးမားတဲ့ မြင်ကွင်းရှိတဲ့ ဒီ Laptop က တစ်ကိုယ်ရေဖျော်ဖြေမှုဆိုင်ရာ မာတီမီဒီယာ အဓိကထားရှိ အသုံးပြုချင်သူတွေ အတွက် ရွေးချယ်သင့်တဲ့ Laptop တစ်လုံးပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

LG Ultra PC 17 ရဲ့ ၁၇ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 2560x1600p အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 1.8GHz ရှိတဲ့ 10th Gen Intel Core-i5-10510U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce GTX 1650 GPU (4GB VRAM) ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB PCIe SSD တွေ ပါဝင်ပါတယ်။ စပီကာရဲ့ အသံထွက်ပိုင်းက အမြင့်ဆုံး volume အထိ ကောင်းမွန်မှုရှိတာ ကျေနပ်စရာပါ။ 720p HD Webcam ကလည်း အဆင်ပြေသလို Chiclet-style ကီးဘုတ် အသုံးပြုရတာလည်း အထူးကောင်းမွန်ပါတယ်။ ၄.၇x၃.၁ လက်မရှိတဲ့ Touchpad က ကြီးမားပြီး တုံ့ပြန်မှုပိုင်း မြန်ဆန်ကာ Guesture စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop မှာ USB 3.1 Type-A ပေါက်၊ USB Type-C ပေါက် Stylus ပေါက်၊ Ethernet ပေါက်၊ Kensington lock ပေါက်၊ USB 2.0 ပေါက်၊ microSD ပေါက်၊ HDMI ပေါက်နဲ့ နားကြပ်ပေါက်တွေ ထောက်ပံ့ပါဝင်ပါတယ်။

LG Ultra PC 17 ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၂ နာရီနဲ့ ၁၇ မိနစ်ခန့် အသုံးပြုနိုင်တာက စိတ်တိုင်းကျစရာပါ။ ဘက်ထရီစနစ်က ပရီမီယံ Laptop တစ်လုံးရဲ့ ရှိသင့်တဲ့ ပျှမ်းမျှကြာချိန် ၁၀ နာရီရဲ့ အထက်မှာရှိတယ်လို့ ဆိုနိုင်ပါတယ်။ အလေးချိန်ကတော့ ၁.၉ ကီလိုဂရမ် (၄.၃ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««