LG Stylo 7 ဓာတ်ပုံတွေ ထွက်ရှိလာ

မေလတုန်းက LG က stylus ပါဝင်တဲ့ Stylo 6 စမတ်ဖုန်းကို ပွဲဦးထွက် မိတ်ဆက်ခဲ့ပါတယ်။

အခုအခါမှာ Stylo 6 နေရာ ဆက်ခံမယ့် LG Stylo 7 ဖုန်းပုံတွေ ထွက်ရှိလာပါတယ်။ LG Stylo 7 မှာတော့ အဆင့်မြှင့်တင်ထားတဲ့ ဒီဇိုင်းနဲ့ မျက်နှာပြင် ၆.၈ လက်မ ပါဝင်လာနိုင်သလို ဖုန်းအလယ်တည့်တည့်မှာ punch-hole ပါဝင်လာပါတယ်။

ကျောဘက်မှာတော့ ကင်မရာ ၄ လုံးနဲ့ stylus ထည့်တဲ့ သတ်မှတ်နေရာ ပါဝင်လာပါတယ်။ ဖုန်း အလျား၊ အနံ၊ ထုထည်က ၁၇၀.၆x ၇၇x ၈.၆ မီလီမီတာ ရှိပါတယ်။ အောက်ခြေမှာ နားကြပ်ပေါက်နဲ့ USB-C အပြင် စပီကာနဲ့ stylus သတ်မှတ်နေရာတို့ ပါဝင်တာ တွေ့ရပါတယ်။

ပါဝါခလုတ်ထဲမှာ fingerprint scanner ကိုထည့်ထားဖွယ်ရှိတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««