LG Slide အမည်ရ ခေါက်စမတ်ဖုန်းအသစ်

LG ဟာ လာမယ့်နှစ်မှာ ပုံမှန် မဟုတ်တဲ့ ဒီဇိုင်းနဲ့ စမတ်ဖုန်းအသစ် တစ်မျိုးကို မိတ်ဆက်နိုင်ပါတယ်။ ကောလာဟလ သတင်းတွေအရ LG ဟာ လိပ်ထားနိုင်တဲ့ OLED display ပါဝင်တဲ့ LG Rollable ဖုန်းကို မိတ်ဆက်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းကြော်ငြာလျှောက်လွှာအရ အဲဒီ ထုတ်ကုန်နာမည်က LG Slide လို့ သိရပါတယ်။

LG ရဲ့ လိပ်ထားလို့ရတဲ့ display ပါဝင်တဲ့ ဖုန်းအမည်က LG Slide ဖြစ်နိုင်ပါတယ်။ LG က ဥရောပသမဂ္ဂဉာဏ ပစ္စည်းရုံးဆီ တင်သွင်းတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် လျှောက်လွှာမှာ LG Rollable နဲ့ LG Slidee အမည်၂ ခုကို ထည့်သွင်းထားပါတယ်။ ပထမဆုံး လျှောက်လွှာကိုတော့ နိုဝင်ဘာ ၂ ရက်မှာ တင်ခဲ့ပြီး နိုဝင်ဘာလ ၄ ရက် မှာတော့ LG Slide အမည်ကို တင်သွင်းခဲ့ပါတယ်။

-စိုးထက်
Ref: PocketNow

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««