LG Gram 17

ဈေးနှုန်း – ကန်ဒေါ်လာ ၁၄၉၉

အားသာချက်

အရောင်အသွေးပိုင်းစိုပြည်သလို ကြည်လင်ပြတ်သားမှုရှိတဲ့ ၁၇ လက်မ Display ၊ သိသိသာသာပေါ့ပါးမှုရှိတဲ့ အလေးချိန်၊ အသုံးဝင်လာတဲ့ port တွေထည့်သွင်းပေးထားတာနဲ့ မြန်ဆန်တဲ့ SSD ပါဝင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ကြာချိန်ထက် အနည်းငယ်လျော့နည်းတာနဲ့ CPU ရဲ့ စွမ်းဆောင်ရည်ပိုင်းကလည်း အနည်းငယ်နှေးတယ်လို့ ဆိုရမှာပါ။ နောက်တစ်ခုက ဒီဇိုင်းပိုင်းက သိပ်ဆွဲဆောင်မှုမရှိဘူးလို့ ခံစားရတာက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Gram 17 က မယုံကြည်နိုင်လောက် ပေါ့ပါးမှုရှိတဲ့ ၁၇ လက်မ Laptop တစ်လုံးဖြစ်သလို ရုပ်ထွက်ကာလာပိုင်း မြင့်မားကောင်းမွန်မှုရှိတဲ့ Display ၊ မြန်ဆန်တဲ့ SSD စနစ်တွေ ထောက်ပံ့ပါဝင်တာနဲ့ အသံထွက်ပိုင်းတွေက ကျေနပ်စရာကောင်းလှပါတယ်။ ဒီဇိုင်းပိုင်းက သိပ်ဆွဲဆောင်မှုမရှိသလို ခံစားရပေမယ့် ရိုးရှင်းတာကို သဘောကျတဲ့သူတွေ အတွက်ကတော့ အကြိုက်ဖြစ်မှာပါ။ ဘက်ထရီနဲ့ စွမ်းဆောင်ရည်ပိုင်းက အခြား ၁၇ လက်မမော်ဒယ်ပြိင်ဘက် Laptop တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ အနည်းငယ် အားနည်းတာကလွဲရင် မိမိအနေနဲ့ သွားလေရာအသုံးပြုနိုင်တဲ့ ‌မာတီမီဒီယာ Laptop တစ်လုံးကို သုံးချင်သူတွေနဲ့ မြင်ကွင်းကြီးမားပြီး ပေါ့ပါးမှုရှိတဲ့ Desktop အစားထိုးသုံးနိုင်တဲ့ Laptop ကို သုံးချင်သူတွေအတွက်ကတော့ LG Gram 17 က ရွေးချယ်စရာတစ်ခုပါ။

အသေးစိတ်ဖော်ပြချက်

LG Gram 17 ရဲ့ ၁၇ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 2560x1600p ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ 10th Gen Intel Iris Plus Core-i7-1065G7 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel Iris Plus GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB M.2 PCIe SSD တွေ ပါဝင်ပါတယ်။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ၁၆ လက်မ MacBook Pro ၊ XPS 17 တို့လို ကောင်းမွန်မှု ရှိပါတယ်။ 720p Webcam အမျိုးအစားက သုံးရတာ အဆင်ပြေသလို ၄.၈x၂.၈ လက်မရှိတဲ့ Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်လှပါတယ်။ ဒီ Laptop မှာ Thunderbolt 3 ပေါက်၊ USB 3.1 ပေါက်၊ HDMI ပေါက်၊ နားကြပ်ပေါက်နဲ့ SD ကတ်ပေါက်တွေ ထည့်သွင်းထားပြီး လက်ဗွေလုံခြုံရေးစနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

LG Gram 17 က မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၇ နာရီနဲ့ ၁၀ မိနစ်ခန့် အသုံးပြုနိုင်တာက ၉ နာရီကျော်ကြာ သုံးနိုင်တဲ့ ပြိုင်ဘက် ၁၇ လက်မ 4K panel သုံးထားတဲ့ XPS 17 ထက် နည်းသလို ၈ နာရီဝန်းကျင်သုံးနိုင်တဲ့ Surface Laptop 3 ထက်လည်း နည်းတဲ့ ကြာချိန်ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၂ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: [www.Laptopmag.com]

စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ……
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 ၊ မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ