LG G6 တွင် Full Vision display အတွက် UX အသစ် ပါဝင်မည်

အသစ်ထွက်မယ့် LG G6 စမတ်ဖုန်းမှာ 18:9 ratio Full Vision display အတွက် UX အသစ်တစ်မျိုး ပါဝင်မယ်လို့ ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးဟာ ကြာသပတေးနေ့က ဗီဒီယိုကြော်ငြာ တစ်ခုကို YouTube မှာတင်ခဲ့ပြီး အသစ်ထွက်မယ့် စမတ်ဖုန်းရဲ့ UX ကတစ်ဆင့် သုံးနိုင်မယ့် feature တွေကို ပြသခဲ့ပါတယ်။

အဲ့ဒီ UX သစ်ဟာ ရှာဖွေမှုနဲ့ မာလ်တီမီဒီယာ ကြည့်ရှုမှုတို့ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တယ်လို့ LG က ပြောကြားခဲ့ပါတယ်။ 18:9 ratio display ကို အသုံးချနိုင်မယ့် camera UX သစ်တစ်ခု ထည့်သွင်းထားသလို စတုရန်းပုံ GUI သစ်နဲ့ multitasking feature တစ်ခုကိုလည်း ထည့်သွင်းထားတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

သုံးစွဲသူတွေက ရုပ်ရှင်တွေ၊ app တွေနဲ့ ဂိမ်းတွေကို 18:9 ratio နဲ့ ကြည့်နိုင်သလို screen သစ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့အတွက် 16:9 ratio ကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ကျယ်ဝန်းတဲ့ viewing angle ကြောင့် ရှာဖွေမှုနဲ့ e-book ဖတ်ရှုမှုတွေ ပြုလုပ်တဲ့အခါ screen ပေါ်မှာ အချက်အလက်တွေကို ပိုမိုဖော်ပြ ပေးနိုင်မယ်လို့ ဆိုပါတယ်။

Camera UX သစ်က ဓာတ်ပုံတွေကို တစ်ပြိုင်နက်ရိုက်ကူးပေးနိုင်သလို film format တစ်ခုနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ကြည့်ရှုနိုင်စေမှာပါ။ Square Camera လို့ခေါ်တဲ့ feature သစ်ကလည်း screen ကို နှစ်ခြမ်းခွဲပြီး တစ်ခြမ်းမှာ ဓာတ်ပုံရိုက်ကူးနိုင်သလို ကျန်တစ်ခြမ်းမှာ Instagram လို လူမှုကွန်ရက်မှာ ဝေမျှတာမျိုး ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။

Music player, address book, call menu နဲ့ calendar တို့မှာလည်း 1:1 Square GUI ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Multitasking အပိုင်းမှာတော့ သုံးစွဲသူတွေက ဘယ်ဘက်ခြမ်းမှာ calendar ကို ဖွင့်ထားပြီး ညာဘက်ခြမ်းမှာ document တွေနဲ့ အလုပ်လုပ်နိုင်မယ်လို့ LG က ပြောကြားခဲ့ပါတယ်။

Food mode သစ်က အစားအသောက်တွေရဲ့ ကာလာအနည်းအများကို ချိန်ညှိပေးနိုင်ပြီး Gallery မှာတော့ သုံးစွဲသူတွေက ဓာတ်ပုံ ၂ ပုံကနေ ၁၀၀ အကြား ပေါင်းစပ်ကာ GIF ဗီဒီယိုတွေ ပြုလုပ်နိုင်မယ်လို့ LG က ဆိုပါတယ်။

LG G6 ကို ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ကျင်းပမယ့် Mobile World Congress မှာ တရားဝင်မိတ်ဆက် ပေးသွားမယ်လို့ သိရှိရပါတယ်။

Unknown Object

Ref: ZDNet