LG G3

news_img_4.jpg

ဒီဇိုင်း

G3 သည် ပုံစံဒီဇိုင်းပိုင်းတွင် ထူးခြားဆန်းသစ်မှုများအား များများစားစားပြုလုပ်ထားခြင်းမရှိသော်လည်း ဖုန်းအား ကိုင်တွယ်အသုံးပြုရာတွင် လက်နှင့်အံဝင်ခွင်ကျဖြစ်စေရန်အတွက် အရွယ်အစားပိုင်းအား အဓိကထား ကာပြုလုပ်ထားခြင်းဖြစ်သည်။ ဖုန်း၏ဘော်ဒီမှာ သတ္တုဘော်ဒီအမျိုးအစားဖြစ်ပြီး နောက်ဘက်ကာဗာမှာ သတ္တုကဲ့သို့ မြင်တွေ့ခံစားရမည်ဖြစ်သော ပလတ်စတစ် ကာဗာကိုအသုံးပြုထားခြင်းဖြစ်သည်။ သတ္တုဘော်ဒီအမျိုးအစားဖြစ်သော်လည်း ဖုန်းမှာ ပေါ့ပါးပြီး အရွယ်အစားမှာလည်း ဘေးတိုက်အကျယ် ၇.၄၆ စင်တီမီတာနှင့် အထက်အောက် အမြင့်မှာ ၁၄.၆၃ စင်တီမီတာရှိခြင်းကြောင့် လက်တစ်ဘက်တည်းဖြင့် ကိုင်တွယ်ထိန်းကျောင်းအသုံးပြုရန်အတွက် အခက်အခဲမရှိနိုင်သော အရွယ်အစားမျိုးဖြစ်သည့်အပြင် ထုထည် မှာ ၀.၈၉ စင်တင်မီတာရှိသော်လည်း ဖုန်း၏ကျောဖက်အနားသတ်ဘောင်များအား အခုံးပုံစသဏ္ဍာန်ပြုလုပ်ထားခြင်းကြောင့် ဖုန်းအားကိုင်တွယ်ရာတွင် ပါးလွှာခြင်းအား ခံစားရမည်ဖြစ်သည်။ ပါဝါခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်များအား ဖုန်း၏ကျောဖက်တွင် မြင်တွေ့နိုင်မည်ဖြစ်ပြီး နောက်ဘက်ကာဗာမှာ ဖြုတ်နိုင်တပ်နိုင်သော အရှင်ပုံစံမျိုး ဖြစ်သည်။

မြင်ကွင်း

G3 တွင်အသုံးပြုထားသော Display မှာ True HD-IPS + LCD အားအသုံးပြုထားခြင်းဖြစ်ပြီး 1440X2560 Pixel Resolution ရှိသော Screen အမျိုးအစားဖြစ်ခြင်းကြောင့် ကြည်လင်တောက်ပကောင်းမွန်သော မြင်ကွင်းများအား မြင်တွေ့ခံစားနိုင်မည်ဖြစ်သည်။ Capacitive Touch Screen ဖြစ်ခြင်းကြောင့် Touch စနစ်ပိုင်းတွင်လည်း မြန်ဆန်ချောမွေ့စွာအသုံးပြုနိုင်မည်ဖြစ်ပြီး Screen အရွယ်အစားမှာ ၅.၅ လက်မရှိမည်ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်

LG G3 တွင် Quad-core 2.5 GHz Krait 400 CPU ကိုထည့်သွင်းအသုံးပြုထားပြီး ဂရပ်ဖစ်စနစ်အတွက်လည်း Adreno 330 GPU ကိုထည့်သွင်းအသုံးပြုထားသည်။ ဖုန်းမှတ်ဥာဏ်စနစ်တွင်လည်း ဖုန်းတွင်းမှတ်ဥာဏ် 16GB ပါဝင်ပြီး RAM အနေဖြင့် 2GB RAM ကိုထည့်သွင်းအသုံးပြုထားသည့်အပြင် နောက်ထပ်မှတ်ဥာဏ်ထပ်တိုးအသုံး ပြုရန်အတွက်လည်း Micro SD Card 128 GB အထိထပ်မံထည့်သွင်းအသုံးပြု နိုင်မည်ဖြစ်သည်။ အသံစနစ်ပိုင်းအတွက် Dolby Mobile အသံစနစ်ကိုထည့်သွင်းအသုံးပြုထားခြင်းကြောင့် အသံစနစ်ပိုင်းတွင်လည်း ကောင်းမွန်သော အသံထွက်နှုန်းများအား ခံစားနိုင်မည်ဖြစ်သည့်အပြင် ဖုန်းအားအသုံး ပြုရာတွင် တုန့်ပြန်မှုများအား ပေးနိုင်မည့် Sensor စနစ်ပိုင်းများအတွက်လည်း Accelerometer Sensor, Gyro, Proximity, Compass အစရှိသော Sensor စနစ်များအား ပြည့်ပြည့်စုံစုံ ထည့်သွင်းအသုံးပြုထားသည်။ Android OS Version 4.4.2 ကိုအသုံးပြုထားပြီး Bluetooth 4.0 နှင့် USB 2.0 စနစ်များအား အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် ကင်မရာစနစ်တွင်လည်း နောက်ဘက်ကင်မရာမှာ 13 Megapixel ရှိပြီး ရှေ့ကင်မရာမှာ 2.1 Mega Pixel ရှိမည်ဖြစ်သည်။